တနိုင်းနဲ့ ဆွမ်ပရာဘွမ်ဘက်က အခြေအနေ ဆက်သွယ်မေးမြန်းချက်
2018.01.31
ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က လမ်းတံတား နဲ့ စက်ယန္တရားတချို့ကို ကေအိုင်အေက ဖျက်ဆီးလိုက်တာကြောင့် အဲဒီတဝိုက်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ လမ်းလုပ်သား အယောက် ၅၀၀ ကျော်ဟာ ဆွမ်ပရာဘွမ်မှာ ခိုလှုံနေကြပါတယ်။
အခု ရက်ပိုင်းအတွင်း တနိုင်းဒေသ ပယင်းမှော်တွေတဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း ပိတ်မိနေသူတွေကို တပ်မတော်၊ ဋ္ဌာနဆိုင်ရာတွေနဲ့ လူမှုရေးအဖွဲ့တွေက ကူညီပေးနေပါတယ်။
ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး တနိုင်း နဲ့ ဆွမ်ပရာဘွမ်ဘက်က အခြေအနေတွေနဲ့ ပတ်သက်လို့ ဒုတိယရဲမှူးကြီး မျိုးသူရနောင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က မေးမြန်းထားပါတယ်။