တနိုင်းမြို့နယ်က တိုက်ပွဲတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ ပိတ်မိနေ
2018.01.31
တပ်မတော်နဲ့ KIA တို့အကြား တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နန့်ကွမ်းရွာနဲ့ ချောင်းဆုံတို့မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ ထောင်ကျော် တနိုင်းမြို့ကို ရောက်ရှိလာဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနောင်နဂျာတန်နဲ့ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးတို့က ပြည်သူ့လွှတ်တော်ဥက္ကဌထံ စာပေးပို့ထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ပြည်သူ့လွှတ်တော်ဥက္ကဌဘက်က အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့ ကိုယ်စားလှယ် ဦးလင်းလင်းဦး က ပြောပါတယ်။ ဦးလင်းလင်းဦးကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။