သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-25
ဈေးကွက်အတွင်းရောင်းချနေတဲ့ ငရုတ်သီး မှုန့်တံဆိပ် ၅၆ ခုနဲ့ မဆလာတံဆိပ် ၁ ခုတို့ ဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ထောက်ခံချက် ရရှိထားခြင်းမရှိဘဲ ရောင်းချနေ တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-12-25
ပြီးခဲ့တဲ့ စက်ဘာလနဲ့ အောက်တိုဘာလ အတွင်း တိုက်ပွဲတွေကြောင့် ကရင်ပြည် နယ် မြိုင်ကြီးငူဒေသမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၅ ထောင်ကျော် အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းရဲ့တာဝန်မှူး ဦးစောဦး က ပြော ပါတယ်။
2016-12-25
တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျွဲကူးကျေးရွာမှာ တစ်ပိုင်တစ်နိုင်ကျောက် မိုင်းလုပ်ငန်းက မိုင်းပေါက်ကွဲမှှုကြောင့် အလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2016-12-24
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်နဲ့ ပန်းဘဲတန်း မြို့နယ်အတွင်းက ကြိုက်တာယူ ၅ ထောင် အရောင်း ဆိုင်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင်နေပြီလို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။
2016-12-24
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကစပြီး RCSS/SSA နဲ့TNLA တပ်တွေအကြား သုံးရက်ကြာ တိုက်ပွဲဖြစ် ပွားခဲ့တဲ့ နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ မနေ့မနက်ကစပြီး တိုက်ပွဲတွေ ငြိမ်သက်သွား ပါတယ်။
2016-12-24
ဒီကနေ့ ကျရောက်တဲ့ ခရစ္စမတ်နေ့မှာ မြန်မာပြည်သူပြည်သား အားလုံး ကိုယ်စိတ်နှစ်ပါး ရွင်လန်းချမ်းမြေ့ရေးအတွက် ခရစ္စမတ်နေ့နဲ့ ငြိမ်းချမ်းရေး အထူးအစီအစဉ်ကို ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။
2016-12-24
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်နဲ့ ကျောက်တံတားမြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကြိုက်တာယူ ၅၀၀၀ ကျပ်ဆိုင်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြမှာဖြစ်ပါတယ်။
2016-12-24
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဖာ လုံကျေးရွာက နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ တာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၅ ဦးကို လားရှိုးဆေး ရုံမှာ ဆေးကုသနေပါတယ်။
2016-12-24
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နယ် ကျောက်ဖျာကျေးရွာအုပ်စုမှာ မြို့သစ် စီမံကိန်းကြောင့် ရွာ ၇ ရွာက သိမ်းဆည်းခံ ထားရတဲ့မြေတွေကို မှတ်ပုံတင်ခွင့်ပေးဖို့အတွက် ဒေသခံ ၂၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-12-24
အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော် မရှင်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ဒီလ ကုန်လောက်မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ပြော ပါတယ်။
2016-12-24
မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်မှာ ဒီရက်ပိုင်း ကားလမ်းပိတ်ဆို့တာ မကြာခဏဖြစ်နေတဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်း မှာ နှောင့်နှေးပြီး တရုတ်နိုင်ငံကို တင်ပို့ရောင်းချရမယ့် သစ်သီးကုန်တွေဟာ လမ်းခရီးမှာ မလတ်ဆတ်ဘဲ ပုပ်တာတွေကြောင့် ရောင်းပန်းမလှဘဲ ပျက်စီးဆုံးရှုံးတာတွေ ဈေးနှိမ်ခံရတာတွေ ကြုံတွေ့နေရပါတယ်။
2016-12-24
ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပန်လုံကျေးရွာတဝိုက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တို့အကြား မနေ့က မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2016-12-24
တောင်ကြီးမြို့နယ်၊ ရေပူကျေးရွာနဲ့ ကွမ်လုံကျေးရွာတွေမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ဝင်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူ ၇ဝ ကျော်ကို ပိုင်နက်ကျူးလွန်မှု တောင်ကြီးမြို့နယ် တရားရုံးက မနေ့ကအလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်လစီ ချမှတ်လိုက်ပါတယ်။
2016-12-24
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းဒေသက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျေးရွာ တချို့ကို အစိုးရအစီအစဉ်နဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က သွားရောက် သတင်းယူခဲ့ကြပါတယ်။
2016-12-24
မြန်မာကင်းထောက် နှစ်၁၀၀ပြည့်အခမ်းအနားကို ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီကနေ့ကျင်းပခဲ့ ရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စကားပြောကြားခဲ့ပါတယ်။