RCSS နဲ့ TNLA တိုက်ပွဲတွေကြောင့် သီပေါမြို့မှာ စစ်ပြေးဒုက္ခသည် ထပ်တိုး


2016.12.24
ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပန်လုံကျေးရွာတဝိုက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တို့အကြား မနေ့က မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ပန်လုံရွာက ဒေသခံတွေ ၂ ထောင်နီးပါးဟာ သီပေါမြို့နဲ့ မန်စံကျေးရွာမှာ ခိုလှုံနေရပြီး စောင်နဲ့အနွေးထည်တွေ လိုအပ်ချက်ရှိနေတယ်လို့ ပြောပါတယ်။

ပန်လုံရွာမှာ သတင်းယူနေတဲ့ RFA သတင်းထောက် ကိုကံသာ ကို မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။