သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-14
တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ အဆောင်အယောင်တွေဟာ တိုင်းဒေသနဲ့ ပြည်နယ်ဝန်ကြီးတွေနဲ့ တန်းတူခံစားခွင့်ရှိရမယ်ဆိုတဲ့ လျှောက်ထားချက်ကို အခြေခံဥပဒေခုံရုံးက ဒီကနေ့ အနိုင်ပေးလိုက်ပါတယ်။
2011-12-14
KIA က အရွယ်မရောက်သေးတဲ့ ကလေးတွေကို အဓမ္မ စစ်မှုထမ်းခိုင်းတာကို ကြားသိခဲ့ရကြောင်း လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးရဲ့ စွပ်စွဲချက်ကို ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ငြင်းဆိုလိုက်ပါတယ်။
2011-12-14
၁၉ ရက်နေ့မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်လိုသူ ၂၁ ဦး အစည်းအဝေးကနေ ပါတီအကြီးအကဲတွေကို ရွေးချယ်မယ်လို့ အင်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
2011-12-14
မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးတန်း အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
2011-12-13
မြန်မာနဲ့ အမေရိကန်ပြည်ထောင်စု ဆက်ဆံရေး တိုးတက်ကောင်းမွန်လာ တာဟာ တရုတ် မြန်မာဆက်ဆံရေး ထိခိုက်သွားစေဖို့ မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချယ်က ပြောဆိုလိုက်ပါတယ်။
2011-12-13
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကိုအိချီရို ဂမ်ဘာက ဒီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်မယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
2011-12-13
ကုလသမဂ္ဂလက်အောက်ခံ UNICEF ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ဟာ (KIA) ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ရာ တရုတ် မြန်မာနယ်စပ် လိုင်ဇာမြို့က စစ်ပြေးဒုက္ခသည်တွေကို မနေ့က ပထမဆုံးအကြိမ် အကူအညီပေးနေပြီလို့ ရန်ကုန် ကုလသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။
2011-12-13
အစိုးရနဲ့ ကလိုထူးဘောအဖွဲ့ (ယခင် DKBA) တို့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးအပြီး အချက် ၆ ချက်ပါ သဘောတူညီချက်ကို ဒီဇင်္ဘာ ၁၁ရက်က ဖားအံမြို့မှာ လက်မှတ်ရေးထိုးကြ ပါတယ်။
2011-12-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်္ဘာ ၁၂ ရက်စွဲနဲ့ မှတ်ပုံတင်ခွင့် ပြုလိုက်တာကြောင့် ရက်ပေါင်း သုံးဆယ်အတွင်း မှတ်ပုံတင်နိုင်ဖို့ ပြင်ဆင်နေတယ် လို့ အင်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကိုပြောပါတယ်။
2011-12-12
လွှတ်တော် လုပ်ထုံးလုပ်နည်းတွေနဲ့ စံသတ်မှတ်ချက်တွေ အားကောင်းလာ ရေး အပါအဝင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး လုပ်ငန်းတွေကို အားပေးကူညီသွားမယ်လို့ အိန္ဒိယ လွှတ်တော်အကြီးအကဲ Meira Kumar က မနေ့က ပြောလိုက်ပါတယ်။
2011-12-12
ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ် ၈ ဦးဟာ ပိုလန်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေကို တစ်ပတ်ကြာ လေ့လာဖို့ ပိုလန်နိုင်ငံကို ရောက်နေပါတယ်။
2011-12-12
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး တင်သွင်းတဲ့ “၂ဝ၁၁ ခုနှစ် လယ်ယာ မြေဥပဒေ (မူကြမ်း)” နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ် ပြင်ဆင်ပြဋ္ဌာန်းပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုစာကို ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မကွေးတိုင်းက လယ်သမား တွေ စုပေါင်းပါဝင် လက်မှတ်ရေးထိုးပြီး သမ္မတထံ မနေ့က ပေးပို့လိုက်တယ်လို့ သိရပါတယ်။
2011-12-12
လာမယ့် ဇန်နဝါရီလ အစောပိုင်းမှာ မြန်မာနိုင်ငံကို ခရီးသွားမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားလိုက်ပါတယ်။
2011-12-12
မြန်မာအစိုးရက ဖမ်းဆီးထားတဲ့ အိန္ဒိယ သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်ရေး အတွက် အမြန်ဆုံး ဆောင်ရွက်ပေးဖို့ သူတို့မိသားစု တွေက အိန္ဒိ ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ ဆီကို ဒီကနေ့ စာရေး တောင်းဆိုလိုက်ကြပါတယ်။
2011-12-12
ပြုပြင်ပြောင်းလဲရေးတွေ မြန်မြန် ဆန်ဆန် လုပ်လာအောင် အိန္ဒိယနိုင်ငံ ရောက် မြန်မာလွှတ်တော် ကိုယ်စား လှယ်အဖွဲ့ကို ထိထိရောက်ရောက် ပြောဆိုဖို့ နယူးဒေလီအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသူတွေက အိန္ဒိယလွှတ်တော်ခေါင်းဆောင် တွေကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။