ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမယ်

လာမယ့် ဇန်နဝါရီလ အစောပိုင်းမှာ မြန်မာနိုင်ငံကို ခရီးသွားမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားလိုက်ပါတယ်။

2011.12.12
hague-clinton-305 ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ကို တွေ့ရစဉ်။
State Dept Image
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံအပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အခုလို ထုတ်ဖော် ပြောကြားလိုက်တာပါ။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ တခြား နိုင်ငံတကာရေးရာ ကိစ္စရပ်တွေမှာ နည်းတူ ဗြိတိန်နိုင်ငံဟာ အမေရိကန် အစိုးရနဲ့ နီးနီးကပ်ကပ် ပူးတွဲ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ပွင့်လင်းမှု ရှိလာရေးဟာ ဗြိတိန် အမေရိကန် နှစ်နိုင်ငံအကြား တူညီတဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည် ခရီးသွားတာကို မိမိတို့ ကြိုဆိုကြောင်း၊ အပြုသဘော ချဉ်းကပ်ဆောင်ရွက်မှုတွေ အောင်မြင်ရေးဟာလည်း အလွန် အရေးကြီးကြောင်း Mr. Hague က ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၃ဝ က ဒီဇင်ဘာ ၂ ရက်အထိ သွားရောက်ခဲ့ပြီး ဗြိတိသျှ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီး Andrew Mitchell ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလထဲက သွားခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-13 14:42

ls. be mentioned our opinions
-Review Education Standards & Teaching
Changed The New Education System / Syllabus / Technics / Library / Qualified Teachers & Teaching. Let Every body well known in English Language as they can do business around the world.
- Make sure all Goverment Departments which behalf of people & other sectors to be smart. They will serve for people. Otherwise, No Corruption for anyhting.
- All in Law which is fair and Justice.
- Open Economics. But keep yr. word which is law in order.

That's coming fm our heart . Gov leader could do the actual action, we would follow for ready.

Note: We do not like any co-operations with China.

Time is You Think about Yr. Country & People seriously!