လူ့အခွင့်အရေးကော်မရှင် စွပ်စွဲချက် KIA ငြင်းဆို
2011.12.14

Photo: Kachin News Group
ကေအိုင်အေမှာ ကလေးစစ်သား မသုံးရေးမူ အရင်ကတည်းက ရှိပြီးသားလို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ဆိုပါတယ်။
ကချင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာအစိုးရ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က အဲဒီလို စွပ်စွဲခဲ့တာပါ။ ပြဿနာများတွေ ဖြေရှင်းရာမှာ အရေးအကြီးဆုံးက စစ်ပွဲတွေ ရပ်တန့်ဖို့လိုတယ်လို့လည်း ဦးစစ်မြိုင်က ဆိုပါတယ်။ သမ္မတဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ်ကို ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ KIA စခန်းတွေကို ထိုးစစ်မဆင်ဖို့ ဒီဇင်္ဘာ ၁၀ ရက်က ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို မိမိတို့ ကြိုဆိုကြောင်းလည်း အစိုးရ လူအခွင့်အရေး ကော်မရှင်က ပြောပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကြေညာချက်မှာ မိမိတို့ ရပ်ရွာများကို စွန့်ခွာထွက်ပြေးလာသူတွေထဲက လူတစ်သောင်းခွဲလောက်ကို ပြည်နယ်အစိုးရအစီအစဉ်နဲ့ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ ဒီဇင်္ဘာ ၈ ရက်က ၁၀ ရက်အထိ လူ့အခွင့်အရေးကော်မရှင်က ကချင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့ရာမှာ စစ်ပွဲကြောင့် ထွက်ပြေးနေရသူတွေထဲက ထောင်နဲ့ချီတဲ့ကလေးတွေဟာ စိတ်ထိခိုက်မှုဝေဒနာ ခံစားနေရတာ မြင်ခဲ့ရကြောင်း ဒီကနေ့ထုတ် ပြည်တွင်းသတင်းစာတွေမှာ ဖော်ပြထားပါတယ်။ KIA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခုလို ကချင်ပြည်သူတွေ ဒုက္ခဆင်းရဲ ကြုံတွေ့နေရတဲ့ စစ်ပွဲရဲ့အဓိကတရားခံ ဘယ်သူလဲဆိုတာကို ပြည်သူတွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်လို့ အာရ်အက်ဖ်အေကိုပြောပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က ဒုက္ခသည်ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး စခန်း ၁၄ ခုမှာ ဒုက္ခသည် ၃ သောင်းကျော်ကို စောင့်ရှောက်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ကချင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်နဲ့ အာရ်အက်ဖ်အေအဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်ချက်ကို နားဆင်ပါ။
![]() |
နားဆင်ရန် |
![]() |
အသံဖိုင်ယူရန် |