အစိုးရနဲ့ ကလိုထူးဘောအဖွဲ့ အပစ်အခတ်ရပ်ရေး သဘောတူ

အစိုးရနဲ့ ကလိုထူးဘောအဖွဲ့ (ယခင် DKBA) တို့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးအပြီး အချက် ၆ ချက်ပါ သဘောတူညီချက်ကို ဒီဇင်္ဘာ ၁၁ရက်က ဖားအံမြို့မှာ လက်မှတ်ရေးထိုးကြ ပါတယ်။

2011.12.13
karen_dkba_troops_305_z ဒီမိုကရေစီအကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့ဝင်တချို့ ကို တွေ့ရစဉ်
Photo: RFA
သဘောတူညီချက် ၆ ချက်ထဲမှာ နိုင်ငံတော်က ခွဲမထွက်ရေး၊ ပြည်ထောင်စု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရာမှာ ပူးပေါင်းဆောင်ရွက် ရေး စတဲ့အချက်တွေ ပါဝင်ပြီး ထာဝရ ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေးမယ့်အကြောင်း သိရပါတယ်။

ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး မိမိတို့ အကောင်းမြင်တယ်လို့ ကလိုထူးဘော အဖွဲ့ဘက်က လက်မှတ်ရေးထိုးခဲ့သူ ဗိုလ်မှူးချုပ် စောလဘွယ်က ပြောပါတယ်။

“ကျနော်တို့ သဘောကတော့ အကောင်းပဲ မြင်ပါတယ်။ ကျနော်တို့ တဦးတယောက် အတွက်သာမက ပြည်သူလူထု လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေးအတွက်ပေါ့။ အဓိကတော့ ယုံကြည်မှု သူတို့ ဖွင့်ပြောပြီး တန်းတူရေးကို သူတို့ ပြောတော့ ကျနော်တို့လည်း စိတ်ဝင်စားတယ်၊ ပြည်သူလူထုလည်း သဘောကျတာပေါ့”

လက်မှတ်ရေးထိုးပွဲကို အစိုးရဘက်က တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့အဖွဲ့ တက်ရောက်ပြီး ကလိုထူးဘောအဖွဲ့က ဗိုလ်မှူးချုပ် စောလဘွယ်နဲ့ ၆ ဦး တက်ရောက်ကြပါတယ်။

လက်မှတ်ရေးထိုးပွဲအပြီး အစိုးရက ဆန်အိတ်၂၀၀၊ ဆီ ပိဿာ ၁၀၀ တို့ကို လက်ဆောင်ပေးအပ်သလို ကလိုထူးဘောအဖွဲ့ကလည်း လက်ဆောင်များ ပြန်ပေးတယ်လို့ ဒီကနေ့ထုတ် အစိုးရသတင်းစာတွေ မှာ ဖော်ပြထားပါတယ်။

ဗိုလ်မှူးချုပ်စောလဘွယ်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-03 14:58

အဲလိုမျိုးအားလုံးညှိလို့ ရရင် ဘယ်လောက်ကောင်းလိုက်မလဲ