သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-26
တရုတ်နယ်စပ်မြို့တွေမှာ အငှားကိုယ်ဝန်ဆောင်ပေး ဖို့ အမျိုးသမီးအလုပ်သမား အလုပ်ခေါ်စာတွေ တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အငှားကိုယ်ဝန်ဆောင်တဲ့ ဈေးကွက်တစ်ခု ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
2018-09-26
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်ရက်စက်စက် ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ် တာဝန်ရှိသူတွေကို အမေရိကန်ပြည်ထောင်စုက ပိုမိုဖိအားပေး အရေးယူသင့်တယ်လို့ HRW လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကနေ - ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရနေတာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ထုတ်ပြန်အပြီး နောက်တရက်မှာပဲ HRW က ပြောဆိုခဲ့တာပါ။
2018-09-26
စက်တင်ဘာလ ၂၅ ရက် မနေ့က ထုတ်ဝေတဲ့ Washington Post ဝါရှင်တန်ပို့စ် သတင်းစာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono တားရို ကိုးနိုက The world must support Myanmar and Bangladesh မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်ကို ကမ္ဘာက ထောာက်ခံကူညီကြရမယ်လို့ တိုက်တွန်းရေးသားထားတဲ့ ဆောင်းပါးတပုဒ်ပါရှိပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က ကောက်နုတ်တင်ပြပါလိမ့်မယ်။
2018-09-25
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံမှာ လူအများအပြားသတ်မှုအတွက် အလိုရှိသည်ဆိုတဲ့ စာတမ်းထိုးပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီလ ၂၄ ရက်ညက ကြီးမှူး လှုပ်ရှားခဲ့ပါတယ်။
2018-09-25
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေ ကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေအသစ်တွေ အမေရိကန်ပြည်ထောင်စုက ချမှတ်သင့်တယ်လို့ စက်တင်ဘာလ ၂၅ ရက် နေ့စွဲနဲ့ Human Right Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2018-09-25
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးနေတာ တွေကို ပြန်လည်စိစစ်ဖို့နဲ့ ကမန်လူမျိုးမဟုတ်သူတွေကို ကမန်လူမျိုးအဖြစ် မှားယွင်းထုတ်ပေးထားတာတွေ ကိုလည်း ပြန်ရုတ်သိမ်းပေးဖို့ ပြည်ထောင်စုအစိုးရကို ပြည်နယ်အစိုးရက တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2018-09-25
အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ “မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း” အတွင်းရေးမှူး ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က... သူတို့အသင်းဟာ တိုင်းရင်းသားတွေအရေးကို အဓိကထား ဆောင်ရွက်နေတဲ့ လူမှုရေးအသင်းဖြစ်ပြီး ‘ညီညွတ်၊ ငြိမ်းချမ်း၊ တိုးတက်’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
2018-09-25
တရုတ်-မြန်မာနယ်စပ်ဒေသတချို့မှာ မကြာခဏဆိုသလို တရုတ်နိုင်ငံဘက်က အဆောက်အအုံ လာဆောက်တာ၊ အလံစိုက်ထူတာတွေ ရှိနေပြီး နယ်စပ်မျဉ်းအနီးမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံအကြား နယ်နိမိတ် အငြင်းပွားမှုတွေ ရှိနေပါတယ်
2018-09-25
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးနေတာ တွေကို ပြန်လည်စိစစ်ဖို့နဲ့ ကမန်လူမျိုးမဟုတ်သူတွေကို ကမန်လူမျိုးအဖြစ် မှားယွင်းထုတ်ပေးထားတာတွေ ကိုလည်း ပြန်ရုတ်သိမ်းပေးဖို့ ပြည်ထောင်စုအစိုးရကို ပြည်နယ်အစိုးရက တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2018-09-25
အမေရိကန်အစိုးရက ထုတ်ပြန်လိုက်တဲ့… ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က အစီအစဉ်ရှိရှိ အကြမ်းဖက်ခဲ့တယ်ဆိုတဲ့ကိစ္စဟာ အမှန်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်တင်က ပြောပါတယ်။
2018-09-25
ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုမှာ လာဘ်စားခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်ဦးဟန်ထူး အပါအဝင်ခြောက်ဦးကို တိုင်းတရား လွှတ်တော်မှာ ဒီနေ့ ပထမဦးဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2018-09-25
တနင်္သာရီတိုင်းဒေသကြီး၊ ထိုင်း-မြန်မာနယ်စပ်က ထီးခီးဒေသမှာ KNU နဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းကို ကော်ရှင်အကြံပြု ချက်တွေအတိုင်း ဆောင်ရွက်ဖို့အတွက် ဒီနေ့ တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။
2018-09-25
ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင် “ရွှေရည်ထွန်း တွင်းအမှတ် ၂” က ထွက်တဲ့ သဘာဝဓာတ်ငွေ့ ၂၅ ရာခိုင်နှုန်းကို ပေါက်ဈေးထက်လျှော့ပြီး အစိုးရအနေနဲ့ ဝယ်ယူခွင့်ရမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
2018-09-25
ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ့တပ်မတော်က အစီအစဉ်ရှိရှိ စနစ်တကျ အကြမ်းဖက်ခဲ့တာဖြစ်ကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
2018-09-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန္ဒပြသူတွေကို ရဲက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို နိုင်ငံတော်အလံ အက်ဥပဒေပုဒ်မ ၁၆ နဲ့ ထပ်မံတရားစွဲဆိုလိုက်ပြီး မြောက်ဦးမြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူခဲ့တယ်လို့ သိရပါတယ်။