ကုတုပါလောင်စခန်းက ဒုက္ခသည်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်
2018.09.25
အမေရိကန်အစိုးရက ထုတ်ပြန်လိုက်တဲ့… ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က အစီအစဉ်ရှိရှိ အကြမ်းဖက်ခဲ့တယ်ဆိုတဲ့ကိစ္စဟာ အမှန်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်တင်က ပြောပါတယ်။ မြန်မာ လုံခြုံရေးတပ်တွေဟာ တရွာလုံးကိုပိတ်ဆို့ပြီး မီးရှို့ခဲ့တာတွေ ရှိသလို၊ အမျိုးသမီးတွေကို အုပ်စုလိုက် အဓမ္မကျင့်ခဲ့ပြီး တချို့အမျိုးသမီးတွေကို နေအိမ်တလုံးအတွင်း ပိတ်လှောင်မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
ဦးမောင်မောင်တင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။