မြန်မာကို ပိတ်ဆို့မှုတိုးဖို့ အမေရိကန် ကို HRW တိုက်တွန်း


2018.09.25
rohingya-registration-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် မှတ်ပုံတင်စာရင်းသွင်းသူများကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
BenarNews

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေအသစ်တွေ အမေရိကန်ပြည်ထောင်စုက ချမှတ်သင့်တယ်လို့ စက်တင်ဘာလ ၂၅ ရက် နေ့စွဲနဲ့ Human Right Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အုပ်စုလိုက် အဓမ္မပြုကျင့်မှုနဲ့ တခြား ရက်စက်တဲ့ ရာဇဝတ်မှုတွေကို စနစ်တကျ အကွက်ချ စီစဉ်ပြီး ကျူးလွန်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အစီရင်ခံစာဟာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ ကိုက်ညီမှုရှိတာ တွေ့ရပေမဲ့ - နောက်ဆက်တွဲ ဘာဆက်လုပ်မယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ HRW ရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။

အခုအချိန်မှာ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိထားပြီဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာ အရေးမှာ တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာအပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်မှုတွေအပြင် တရားဥပဒေနဲ့အညီ အရေးယူမှုတွေ လုပ်ဆောင်သင့်တယ်လို့လည်း HRW က ပြောဆို ခဲ့ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။