သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-23
ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ဒေသခံတွေရဲ့ နစ်နာ ချက်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကယန်းမျိုးဆက် သစ်လူငယ် KNGY ရဲ့ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ခွန်းနိုင်လင်းထွန်းကို ပင်လောင်းမြို့နယ် ဖိုကုန်းရွာမှာ ရဲတပ်ဖွဲ့ဝင်တွေက ထိုးကြိတ်ခဲ့ကြောင်း ကယန်းမျိုးဆက် သစ် လူငယ်အဖွဲ့က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။
2014-08-23
အားကစားဝန်ကြီးဌာနလက်အောက်မှာရှိ တဲ့ နေပြည်တော်ဘောလုံးလူငယ်အသင်း နဲ့ နေပြည်တော်ဖူဆယ် ဘောလုံးအသင်းတို့ကို အသင်း ပိုင်ရှင်က ပေးဖို့ကျန်နေတဲ့ လစာငွေ ကျပ်သိန်း ၃၇၀ ကို တစ်လအတွင်းထုတ်ပေးဖို့ နည်းပြနဲ့ အားကစားသမားတွေ က ဒီနေ့ တောင်းဆိုလိုက်ကြပါတယ်။
2014-08-23
ဇိုမီးတိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ရှိလာဖို့အတွက် အဖြေရှာတဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2014-08-23
ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်း သားတွေနဲ့ မွတ်စလင်တွေအကြား ရှေ့ ဆက် အတူယှဉ်တွဲနေ ထိုင်နိုင်ဖို့အတွက် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် များအနေနဲ့ လူနည်းစု မွတ်စလင် လူ့အဖွဲ့အစည်း နဲ့ ဆွေးနွေးနေထိုင်ကြဖို့ လိုအပ်ကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. V.J. Nambiar က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-08-22
ပဉ္စမအကြိမ်မြောက် အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ တပ်မတော်ခန်းမမှာ ကျင်းပနေပါတယ်။ အာအက်ဖ်အေ သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။
2014-08-22
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ မှတ်မှတ် သားသား စကားများ အစီအစဉ်ဖြစ်ပါတယ်။
2014-08-22
ငွေကြေးခဝါချမူတိုက်ဖက်ရေးဥပဒေ နဲ့ အကြမ်းဖက်မူ ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေး ဆွေးနွေးကို ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များ နဲ့ စက်မူလက်မူလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားပါတယ်။
2014-08-22
မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်း သုံးနေတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရ က နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဌအပါအဝင် သံဃာအပါး ၂၀ ကို မတရားချုပ်နှောင်ထားမှုနဲ့ တရားစွဲဖို့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒီနေ့ လျှောက်ထားရာမှာ မြို့နယ်တရားသူကြီးက ပယ်ချခဲ့ပါတယ်။
2014-08-22
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေမှာ အကျုံးဝင်တဲ့ လယ်တီစေတီနဲ့သိမ် ကို ပြောင်းရွှေ့လိုက်တဲ့ နေရာသစ်မှာ ဒီနေ့ထီးတင်ပွဲ ကျင်းပချိန်မှာ ရဲနဲ့တပ် လုံခြုံရေး ထူထူထပ်ထပ်ချထား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2014-08-22
ရန်ကုန်မြို့တော်မှာရှိတဲ့ ရှေးဟောင်းအမွေ အနှစ်တွေ ကိ ထိန်းသိမ်းပေးဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက အဆိုတင်သွင်း ခဲ့ပါတယ်။
2014-08-22
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ဟာ ဒီနေ့ ဒက္ခိဏသီရိခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေစဉ် နှလုံးအမောဖောက်လာလို့ ဆေးဝါးကုသမှု ခံယူလိုက်ရတယ်လို့ သိရပါတယ်။
2014-08-22
ထိုင်းနိုင်ငံက ငါးဖမ်းသင်္ဘောတစ်စီး မှာ ရောင်းစားခံရတဲ့ ရခိုင်ပြည်နယ် မြေပုံနဲ့ အမ်းမြို့နယ်က အမျိုးသား ၁၅ ဦးဟာ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနဲ့ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် နိုင်ငံ တကာ ရွှေ့ပြောင်းသူများဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IOM ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက် လာခဲ့ပါတယ်။
2014-08-22
မြန်မာနိုင်ငံဟာ ကုဌနူနာ ခေါ် အနာ ကြီးရောဂါ တိုက်ဖျက်ရေးကို နှစ်ပေါင်း အတော်ကြာ ဆောင်ရွက်ခဲ့ပေမဲ့၊ အခုထိ ကင်းရှင်းပပျောက် မသွားသေးဘဲ၊ တောင်တန်းဒေသတွေ မှာပါ ဝေဒနာရှင်အသစ်တွေ တွေ့ရှိနေရဆဲ ဖြစ်တယ်လို့ AFP သတင်းတစ်ရပ်က ဖေါ်ပြပါတယ်။
2014-08-21
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်များ တွေ့ဆုံပွဲ မှာ မြန်မာငြိမ်းချမ်းရေး စင်တာအနီးမှာ မတ်တပ်ရပ် အသံတိတ်ဆန္ဒထုတ်ဖေါ်သူ သတင်းထောက် ၅ဝ ကျော်ကို ပုဒ်မ ၁၈နဲ့ အရေးယူဖို့ပြင်ဆင်နေတာကို ရုပ်သိမ်းလိုက်ပြီ လို့ ကမာရွတ်မြို့နယ်ရဲစခန်းက ပြောဆိုကြောင်း သိရ ပါတယ်။
2014-08-21
ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအန်ပီပီ က ဒီကနေ့ လူထုကို ရှင်းပြပါတယ်။