ဇိုမီးလူမျိုးများ တိုးတက်ဖွံ့ဖြိုးရေး ဆွေးနွေး
2014.08.23

ဇိုမီးတိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုရှိလာဖို့အတွက် အဖြေရှာ တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ ပါတယ်။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းက YMCA ခန်းမမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ ကိုပေါင်ရှင်းလျန်းက ဇိုမီးလူမျိုးတွေဘ၀ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တွေ ကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲကို နိုင်ငံတကာ ဇိုမီးအဖွဲ့ ဥက္ကဋ္ဌ ပေါင်ခန့်အန်း၊ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်တို့လည်း တက်ရောက်ဆွေးနွေး ကြပါတယ်။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးပြည်နယ်ဖြစ်သလို ချင်းပြည်နယ်မှာ နေထိုင်ကြတဲ့ ဇိုမီးတိုင်းရင်းသားတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးမှာ အနိမ့်ကျဆုံး အခြေအနေမှာရှိကြောင်း တက်ရောက်လာကြသူတွေက ဆွေးနွေးကြပါတယ်။
ဇိုမီးလူမျိုးတွေဟာ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ တွန်းဇံ၊ ကျီခါးဒေသနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် စတဲ့ဒေသတွေမှာ အများစုနေထိုင်ကြပြီး လူဦးရေ သုံးသိန်းကျော်ရှိတယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။
လူမူဖွံ့ဖြိုးရေးအဖွဲ့က ပြောခွင့်ရှိသူ ကိုပေါင်ရှင်းလျန်းကို အာအက်ဖ်အေ သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။