လယ်တီစေတီ ထီးတင်ပွဲကြောင့် လက်ပံတောင်းမှာ လုံခြုံရေး တင်းကြပ်


2014.08.22
lpt-monastry305.jpg လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့ စေတီဟောင်းကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေမှာ အကျုံးဝင်တဲ့ လယ်တီစေတီနဲ့သိမ်ကို ပြောင်းရွှေ့လိုက် တဲ့ နေရာသစ်မှာ ဒီနေ့ထီးတင်ပွဲ ကျင်းပချိန်မှာ ရဲနဲ့တပ် လုံခြုံရေး ထူထူထပ်ထပ် ချထားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဆားလင်းကြီးကနေ ပုသိမ်- မုံရွာသွားတဲ့ ကားလမ်းပေါ်မှာရှိတဲ့ ကျော်ရွာတောင်ဘက်မှာ လယ်တီ စေတီနဲ့သိမ်ကို ရွှေ့ပြောင်းလိုက်တာဖြစ်ပြီး ထီးတင်ပွဲနေ့မှာ လမ်းတွေကိုပိတ်ထားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ခင်စမ်းလှိုင်က ပြောပါတယ်။

တချို့ကလည်း ဆန္ဒဖော်ထုတ်မယ်၊ ကန့်ကွက်မယ် ဆိုတဲ့ မုံရွာကလာမယ့်လူနဲ့ လမ်းတွေကျတော့ အကုန်လုံးပိတ်ထားတယ်၊ ဒီဘုရားဘက်ကိုလာနိင်တဲ့ ရွာလမ်းတွေလည်း လုံခြုံရေးက ရဲတွေရော၊ စစ်တပ်တွေရော စောင့်ကြတော့ ဒေသခံတွေကလည်း အဲ့နားလေးအထိရောက်အောင် မလာနိုင်ကြဘူး၊ သူတို့ထီးတင်တဲ့ပွဲကတော့ ဒီနေ့မခက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ရေးကော်မရှင် အစီရင်ခံစာ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးလှထွန်းနဲ့ အဖွဲ့ဝင်တွေ၊ ကြံံ့ခိုင်ဖွံံ့ဖြိုးရေးပါတီဝင်တွေနဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ဖိတ်ကြားထားသူတွေ ထီးတင်ပွဲတက်ရောက်ပေမဲ့ ဒေသခံတွေကို ဖိတ်ကြားတာမရှိဘူးလို့လည်း ပြောပါတယ်။

ဒီအတောအတွင်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ကံကုန်းတိုက်နယ်ဆေးရုံ ဖွင့်လှစ်လိုက်ပါတယ်။ ရွာသားတွေနဲ့ မူလက သဘောတူထားတဲ့နေရာမှာ ပန္နက်ရိုက်ပြီးမှ အက်ဆစ်နံ့သက်သာတဲ့နေရာ ကို ပြောင်းဖွင့်လှစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအကြောင်းတွေကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။