သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-24
ရာသီတုပ်ကွေးရောဂါ A(H1 N1) ပိုးမကူး စက်နိုင်အောင် ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးကို အပြင်မှာသာ ဝယ်ထိုးရမှာဖြစ်ပြီး ကုသလို့ ရတဲ့ရောဂါဖြစ်တဲ့ အတွက် အလွန်အမင်း မစိုးရိမ်ကြဖို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေ က ပြောပါတယ်။
2017-07-24
ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့အတွက် တပ်မတော်က ထိုးစစ်ဆင်မှုတွေ ရပ်တန့်ပေးဖို့နဲ့ အစိုးရအနေနဲ့ တိုက်ပွဲတွေချုပ်ငြိမ်းသွားဖို့ လေးလေးနက် နက်ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ခေါင်းဆောင်တွေက ဒီနေ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ တင်ပြလိုက်ပါတယ်။
2017-07-24
အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့(မဘသ)ဆိုင်းဘုတ်တွေကို အတင်းဖြုတ်ချလိုက်ရင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်မှာမလိုလားတဲ့အတွက် ကာယကံရှင်တွေကိုယ်တိုင်ဖြုတ်ပေးဖို့ ညှိနှိုင်းသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
2017-07-24
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ ရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက် အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ က တင်သွင်းလိုက် ပါတယ်။
2017-07-23
ပြီးခဲ့တဲ့နှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြား ခဲ့တဲ့ အမှုပေါင်း ၆ဝဝ ကျော်ရှိပြီး အဲဒီအထဲက အမှုပေါင်း ၁၈ဝ ကျော်ဟာ ဝန်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေဖြစ်ပါတယ်။
2017-07-23
ရှမ်းပြည်မြောက်ပိုင်းမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့ မတရား ငွေကြေးကောက်ခံတာ၊ အကြောင်းမဲ့ဖမ်းဆီးတာမျိုးတွေ မလုပ်ဖို့ တပ်မဟာ/တပ်ရင်းအဆင့်ဆင့်တို့ကို ညွှန်ကြားထားပြီး လူထုအပေါ်အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်တာမျိုးတွေကိုလည်း လုံးဝမလုပ်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
2017-07-23
မန္တလေးတိုင်းအတွင်း မူခင်းကျဆင်းရေးနဲ့ တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ ကြန့်ကြာနေတဲ့ အမှုတွေ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် လာမယ့်သြဂုတ်လကစပြီး တိုင်းဒေသကြီးလွှတ်တော်နဲ့ အငြိမ်းစားရဲအရာရှိတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောပါတယ်။
2017-07-23
လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ် သက်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ ပေးပို့တိုင်ကြား ထားတဲ့ တိုင်ကြား စာတွေထဲမှာ အစိုးရ၊ ဝန်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှု ၁၉၀ နီးပါးရှိတယ်လို့ ကော်မရှင် က ပြောပါတယ်။
2017-07-23
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ပါတီ အလုပ်အမှုဆောင် ၁၄ ဦးကိစ္စနဲ့ မွန်ပြည် နယ်၊ ချောင်းဆုံ မြို့က အလုပ်အမှုဆောင် ၂၁ ဦးကိစ္စကို အင်န်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်း ဟိန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးပါတဲ့ အဖွဲ့နဲ့ စုံစမ်းစစ်ဆေး မယ်လို့ ပါတီဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
2017-07-23
ရှမ်းပြည်မြောက်ပိုင်းမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့ မတရား ငွေကြေးကောက်ခံတာ၊ အကြောင်းမဲ့ဖမ်း ဆီးတာမျိုးတွေ မလုပ်ဖို့ တပ်မဟာ/တပ်ရင်းအဆင့်ဆင့်တို့ကို ညွှန်ကြားထားပြီး လူထုအပေါ် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက် မှုတွေလည်း လုံးဝမလုပ်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2017-07-23
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော် ကြီးဒေသမှာ တရားမဝင်ရွှေတူးဖော်တဲ့အခါ အသုံးပြုတဲ့ ဘက်ဟိုးယန္တရားအစီး ၃၀ ကျော်နဲ့ ဆက်စပ် ပစ္စည်းတွေကို အစိုးရတပ်မတော်ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။
2017-07-23
မန္တလေးတိုင်းအတွင်း ကြန့်ကြာနေတဲ့ မူခင်းတွေကို အမြန်ဖော်ထုတ်နိုင်ရေးနဲ့ မူခင်းကျဆင်းရေး အတွက် တိုင်းဒေသကြီးလွှတ်တော်နဲ့ အငြိမ်းစားရဲအရာ ရှိတွေ ပူးပေါင်းပြီး လာမယ့် သြဂုတ်လမှာ ဆောင်ရွက်သွား မယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး က ပြောပါ တယ်။
2017-07-23
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုမှာ မနက်ဖြန်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
2017-07-22
ဇူလိုင်လ ၂၂ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဆိုတာဘာလဲ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးအောင်သူငြိမ်း (မြန်မာ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့) နဲ့ ဦးတင်မောင်သန်း (သင့်ဘဝ မဂ္ဂဇင်း ထုတ်ဝေသူ) တို့က ပင်တိုင်ဆွေးနွေးကြမှာဖြစ်ပါတယ်။
2017-07-22
ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မန္တလေးအိုးဘိုထောင်ကနေ ဖြေဆိုသူ ၁၁ ဦးထဲမှာ အောင်မြင်ခဲ့သူ ၇ ဦးကို ဒီနေ့ ဆုချီးမြှင့်ခဲ့ပါတယ်။