PSLF/TNLA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်နဲ့ မေးမြန်းချက်
2017.07.23
ရှမ်းပြည်မြောက်ပိုင်းမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့ မတရား ငွေကြေးကောက်ခံတာ၊ အကြောင်းမဲ့ဖမ်းဆီးတာမျိုးတွေ မလုပ်ဖို့ တပ်မဟာ/တပ်ရင်းအဆင့်ဆင့်တို့ကို ညွှန်ကြားထားပြီး လူထုအပေါ်အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်တာမျိုးတွေကိုလည်း လုံးဝမလုပ်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
PSLF/TNLA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။