သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-24
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီရဲ့ နှိမ်နင်းမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရာကနေ ဒီနေ့အထိ လူခြောက်ဦး သေဆုံးခဲ့ပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေရဖို့ ခက်ခဲနေဆဲပဲလို့ စစ်ဘေးရှောင်ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
2021-06-24
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေ မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် တွေကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းအထိလာရောက်ပြီး နေရပ်ကို ပြန်ခိုင်းတာတွေ ရှိနေ ပေမယ့် အများစုက မပြန်ရဲတာကြောင့် အခြားနေရာသစ် တစ်ခုကို ထပ်မံပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-06-24
အခုလ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ သုံးရက်အတွင်းမှာ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီသတင်းပေးသူ ၂၇ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က ဇွန်လ ၂၃ ရက် မနေ့က သတင်း ထုတ်ပြန်ပါတယ်။
2021-06-24
ဇွန်လ ၂၄ ရက်နေ့ ဒီကနေ့ မုံရွာမြို့ ပြည်သူများ စုပေါင်းကာ စစ်အာဏာရှင်ဖြုတ်ချရေး သွေးမအေးကြောင်း မြို့လယ်ခေါင်ထိ ချီတက်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ကျဆုံးရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
2021-06-24
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာမှာ ဇွန်လ ၂၃ ရက် မနေ့က စစ်ကောင်စီကို သတင်းပေးသူလို့ စွပ်စွဲခံထားရတဲ့ မိသားစုတစ်စုရဲ့နေအိမ်ကို မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စု ရုတ်တရက်ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ရာမှာ အသက်(၂၃) နှစ်အရွယ် သမီးဖြစ်သူ မသူသူငြိမ်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-06-23
Facebook ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ဝါဒဖြန့်မှုကို ပိုပြီးကျယ်ပြန့်အောင်လုပ်ပေး နေတယ်လို့ အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တခုဖြစ်တဲ့ Global Witness ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားတဲ့အကြောင်း AP သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။
2021-06-23
ချင်းပြည်နယ် မင်းတပ်မြို့မှာ ချင်းကာကွယ်ရေးတပ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အကြား အပစ်အခတ်ရပ်စဲတဲ့ သဘောတူညီချက်ကို ဇွန်လ ၂၃ ရက်နေ့ မနေ့က ကြေညာခဲ့ပါတယ်။
2021-06-23
ကရင်လူမျိုးတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် တတ်နိုင်တဲ့ဘက်က လုပ်ဆောင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဇွန်လ ၂၃ ရက် မနေ့က ရက်စွဲနဲ့ KNU ဌာနချုပ်ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပြောကြားလိုက်ပါတယ်။
2021-06-23
မန္တလေးမြို့က ပြောက်ကျားစစ်ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင်အပါအဝင် သုံးဦးကို စစ်ကောင်စီက ဒီကနေ့ ညနေပိုင်းက မန္တလေးမြို့မှာပဲ ဖမ်းဆီးလိုက်တယ်လို့ မန္တလေး PDF အဖွဲ့ဝင်တစ်ယောက်က RFA ကို အတည်ပြုပြောပါတယ်။
2021-06-23
မနေ့က၂၄ နာရီအတွင်း ကိုဗစ်- ၁၉ အတည်ပြုလူနာ ၆၈ဝ တွေ့ရှိတယ်လို့ ဇွန်လ၂၃ရက် စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2021-06-23
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီကို အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
2021-06-23
မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့ နိုင်ငံတကာက ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Wendy Sherman နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Christine Burgener တို့ ဝါရှင်တန်ဒီစီမှာ ဇွန်လ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Ned Price က ပြောကြားလိုက်ပါတယ်။
2021-06-23
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဘန့်ဘွေးရွာမှာ ဇွန်လ ၂၂ ရက်နေ့ မနေ့က ရွာထဲက နေအိမ် ရှစ်လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
2021-06-23
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တတိယလှိုင်း ကူးစက်မှု တစ်ကျော့ပြန် စတင်ဖြစ်ပွားနေပြီး ဇွန်လ ၂၂ ရက် မနေ့ညအထိ ရောဂါကူးစက်ခံထားရသူ စုစုပေါင်း တစ်သိန်း ငါးသောင်း နီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။ သေဆုံးသူ ကလည်း စုစုပေါင်း ၃၂၆၇ ယောက်အထိ ရှိနေပါပြီ။
2021-06-23
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၂) ရပ်ကွက်က အသက် ၅၈ နှစ်အရွယ် ရာအိမ်မှူး ဦးသန်းဋ္ဌေးဟာ ဒီကနေ့ မနက်မှာ အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။