သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-26
မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တစ်ခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်မှာ မေလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2018-05-26
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့ရဲ့ ဒုတိယ တစ်နှစ်တာကာလ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ၂ဝ၁၈ မေလ ၂၅ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-05-26
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2018-05-26
ဒီကနေ့ပြုလုပ်တဲ့ ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ နယ်စပ်ဒေသက ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရရှိရေးအတွက် မေးမြန်းမှုမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြေကြားမှုဟာ တာဝန်ခံမှု တာဝန်ယူမှု မရှိဘူးလို့ပြောပြီး နောင်မွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ကန့်ကွက်ခဲ့ပါတယ်။
2018-05-26
ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့က ဟိန္ဒူဘာသာဝင် ရွာသူ ရွာသား ၉၉ ဦးကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
2018-05-26
ရက္ခိုင့်တပ်မတော် AA က အစိုးရတပ်မတော်က စစ်သား ၃ ယောက်ကို သုံ့ပန်းအဖြစ်နဲ့ ဖမ်းမိထားပြီး သူတို့ကို ရှေ့ဆက်ဘယ်လိုလုပ်ပေးမယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ AA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
2018-05-26
တိုက်ပွဲမှာ ဖမ်းဆီးရမိထားတယ်ဆိုတဲ့ စစ်သည်များ လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC က ကြားဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိတယ်လို့ ပြောဆိုပါတယ်။
2018-05-26
အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အပြည်ပြည်ဆိုင်ရာ အနေနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်နေတဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လက်ခံဖို့ ဝိုင်းဝန်းဖိအားပေးဖို့ တောင်းဆိုလိုက်သလို အိန္ဒိယဝန်ကြီးချုပ် နဟိန်ဒရာ မိုဒီကိုလည်း ပြောဆိုလိုက်ပါတယ်။
2018-05-25
ရခိုင်ပြည်နယ်မှာ တရုတ်အစိုးရပိုင် CITIC ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းက ဒေါ်လာ သန်း ၇၅ဝဝ ခန့် အကုန်အကျခံပြီး တည်ဆောက်နေတယ်ဆိုတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဟာ လုံးဝအဓိပါ္ပယ်မရှိတဲ့ စီမံကိန်းဖြစ်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ Sean Turnell ရှောင် တားနယ်လ် က ပြောကြားလိုက်ပါတယ်။
2018-05-25
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ရာထူးက နုတ်ထွက်သွားပါပြီ။ နိုင်ငံတော် သမ္မတရုံးရဲ့ မေလ ၂၅ ရက် မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဝန်ကြီး ဦးကျော်ဝင်းကို သူ့ရဲ့ သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ဖေါ်ပြထားပါတယ်။
2018-05-25
တရားရုံးချုပ် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသတ်ခံရတဲ့ အမှုမှာ မနေ့က နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပေးခဲ့ကြ ပါတယ်။ အဓိက အမှုမှာ စွဲချက်တင်ထားတဲ့ ပုဒ်မများပြင်ဆင်ရေးအတွက်ဖြစ်ပါတယ်။
2018-05-25
၂ဝ၁၆ စက်တင်ဘာလ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေအတွင်း အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေက ဟိန္ဒူဘာသာဝင် ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း မေလ ၂၂ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်ချမ်းသာ ခွင့်အဖွဲ့ကြီး AI ရဲ့ အစီအရင်ခံစာပါ အချက်တွေကို ငြင်းဆိုကြောင်း ARSA အဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2018-05-25
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ကကျင်းပခဲ့တဲ့ တရားပွဲ၊ ဟောပြောပွဲမှာ ပြောခဲ့တဲ့အချက်တွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေတာကြောင့် အမျိုးသားရေး ဟောပြောရေးသားနေသူ စာရေးဆရာမောင်သွေးချွန်ကို မင်းကင်းမြို့နယ် အုပ်ချုပ်ရေးရုံးက တရားလိုလုပ်ပြီး တရားစွဲထားတယ်လို့ သိရပါတယ်။
2018-05-25
ကချင်ပြည်နယ် ဗန်မော်မြို့နယ် စင်းခန်းအုပ်စု နန့်ခုတ်ရွာအနီးမှာ ရွှေတူးဖော်နေတဲ့ အီမောဘွမ် ကုမ္ပဏီက လုပ်ငန်းစာချုပ်ကို မလိုက်နာဘဲ မြေစာတွေကို စွန့်ပစ်တာကြောင့် သဘာဝပတ်ဝန်ကျင် ထိခိုက်နေတဲ့အခြေအနေကို ဗန်းမော်မြို့နယ် လွှတ်တေ်ာကိုယ်စားလှယ်က ပြည်နယ်လွှတ်တော် မှာ ဒီနေ့ မေးမြန်းခဲ့ပါတယ်။
2018-05-25
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ကနေ ရပ်စဲရေးအတွက် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးနေတဲ့ကိစ္စကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေးအဖွဲ့ချုပ်က ဒီနေ့ကန့်ကွက်လိုက်ပါတယ်။