လူမှုရေးဝန်ကြီးရဲ့ ပြောဆိုမှုကို ကန့်ကွက်တဲ့ ဦးချန်တန်ခင်နဲ့ မေးမြန်းချက်
2018.05.26
ဒီကနေ့ပြုလုပ်တဲ့ ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ နယ်စပ်ဒေသက ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရရှိရေးအတွက် မေးမြန်းမှုမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြေကြားမှုဟာ တာဝန်ခံမှု တာဝန်ယူမှု မရှိဘူးလို့ပြောပြီး နောင်မွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ကန့်ကွက်ခဲ့ပါတယ်။
ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားခဲ့တဲ့ လူမှုရေးဝန်ကြီးရဲ့ ပြောဆိုဆွေးနွေးမှုကို ကန့်ကွက်ခဲ့တဲ့ နောင်မွန်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။