အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ဖိအားပေးပါလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြော


2018.05.26
sheikh-hasina-622.jpg ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကို တွေ့ရစဉ်
Photo: Reuters

အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အပြည်ပြည်ဆိုင်ရာ အနေနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်နေတဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လက်ခံဖို့ ဝိုင်းဝန်းဖိအားပေးဖို့ တောင်းဆိုလိုက်သလို အိန္ဒိယဝန်ကြီးချုပ် နဟိန်ဒရာ မိုဒီကိုလည်း ပြောဆိုလိုက်ပါတယ်။

Kokata အရှေ့ဘက်ကို အသွား ဘင်္ဂလာဒေ့ရ်ှ ဝန်ကြီးချုပ်က ဟာ အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရှိတ်ဟာဆီနာက အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ဖိအားပေးပါလို့ ပြောပါတယ်။

အလားတူ အနောက် ဘင်္ဂလားဒေ့ရ်ှ တက္ကသိုလ်တစ်ခုမှာ ဟောပြောရာမှာ မိမိတို့ တိုင်းပြည်အနေနဲ့ ချမ်းသာကြွယ်၀ တဲ့ နိုင်ငံမဟုတ်ပေမယ့် ဘင်္ဂလာဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာ ထောက်ထားတဲ့ အခြေခံနဲ့ နေထိုင်စားသောက်ခွင့် ပေးထားပါတယ်။ ဒါပေမဲ့ သူတို့ ကိုယ့်နေရပ်ကိုတော့ ကိုယ်ပြန်ရပါလိမ့်မယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ ခွဲခြားခံနေရပါတယ်။ သူတို့ရဲ့ အခြေခံ အခွင့်အရေးတွေလည်း ပျောက်ဆုံးနေပါတယ်။ အပြည်ပြည်ဆိုင်ရာ အနေနဲ့ မြန်မာကို ဖိအားပေးဖို့ လိုတယ်လို့ လည်းပြောပါတယ်။

ခုလို ဘင်္ဂလာဒေ့ရ်ှဝန်ကြီးချုပ် တက္ကသိုလ်မှာ ဟောပြောနေစဉ် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီလည်း ရှိနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။