စီမံ ဘဏ္ဍာ ဝန်ကြီး ဦးကျော်ဝင်း နုတ်ထွက်


2018.05.25
kyawwin-minister-622.jpg စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း ကို တွေ့ရစဉ်
Photo: RFA

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ရာထူးက နုတ်ထွက်သွားပါပြီ။ နိုင်ငံတော် သမ္မတရုံးရဲ့ မေလ ၂၅ ရက် မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဝန်ကြီး ဦးကျော်ဝင်းကို သူ့ရဲ့ သဘောဆန္ဒ အလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ဖေါ်ပြထားပါတယ်။

သမ္မတရုံးရဲ့ ကြေညာချက်မှာ နုတ်ထွက်တဲ့အကြောင်းရင်းကို တစ်စုံတစ်ရာ ဖေါ်ပြထားခြင်း မရှိပါဘူး။ ဒါပေမဲ့ အကျင့်ပျက် လာဘ်စားမှုအတွက် နာမည်ကြီးတဲ့ ဝန်ကြီး ဦးကျော်ဝင်းရဲ့ နေအိမ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစိုးရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဝင်ရောက်စစ်ဆေးခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အတွက် သူ့ကို အခု အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရာထူးက ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ဦးကျော်ဝင်းကို စစ်ဆေးမေးမြန်းတာနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို မသိရသေးပေမယ့် တကယ်လို့သာ အကျင့်ပျက်မှုနဲ့ ထုတ်ပယ်လိုက်တာ မှန်ကန်မယ်ဆိုရင် ဒါဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရ လက်ထက်မှာ အကျင့်ပျက်ခြစားမှုနဲ့ အရေးယူခံရတဲ့ အဆင့်အမြင့်ဆုံး အရာရှိဖြစ်ပါတယ်။

ဦးကျော်ဝင်းကို ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့စဉ်ကလည်း သူရရှိထားတယ်ဆိုတဲ့ ပါရဂူဘွဲ့ဟာ အတုဖြစ်တယ် လို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလို နုတ်ထွက်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးဟောင်း ဦးကျော်ဝင်းရဲ့ ပြောဆိုချက် တစ်စုံတစ်ရာ မသိရှိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။