သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဧပြီ ၂၂ ရက်နေ့ကစပြီး ဒီနေ့မနက်အထိ မြေစာပုံပြိုကျတာ၊ ကျောက်ကမ်းပါးပြိုကျတာနဲ့ နွံကန်ပေါက်ကျတာတွေကြောင့် သေဆုံးတဲ့ အလုပ်သမား ရှစ်ဦး ရှိပြီး ၅၀ ခန့် နဲ့ စက်ယန္တရားတချို့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
2019-04-24
လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို အပြည့်အ၀ ပြန်လည်ပေးသွင်းခြင်း မရှိတဲ့အတွက် အဲဒီရန်ပုံငွေတွေကို လွှဲပြောင်းရယူထားတဲ့ ဧရာဝတီ ကျန်းမာ၊ ပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို ဧရာဝတီတိုင်းအစိုးရအဖွဲ့က တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
2019-04-24
ဧရာဝတီသတင်းဌာနအပါအဝင် သတင်းမီဒီယာတွေကို တပ်မတော်က တရားစွဲဆိုထားတဲ့ ကိစ္စတွေကို ကြားဝင်ညှိနှိုင်းခွင့်ပေးဖို့ သတင်းမီဒီယာကောင်စီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာပေးပို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
2019-04-24
အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့ ဧပြီ ၃၀ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ တရားဝင် တွေ့ဆုံဆွေးနွေးသွားမယ်လို့ တေ့ွဆုံပွဲဖြစ်မြောက်ဖို့ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေက ပြောပါတယ်။
2019-04-24
မြန်မာ့တပ်မတော်အတွက် ရုရှားနိုင်ငံက Su-30 အမျိုးအစား ဂျက်တိုက်လေယာဉ် ခြောက်စီး တပ်ဆင်နေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2019-04-24
စားသုံးဖို့မသင့်လို့ဆိုပြီး အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံလိုက်ရတဲ့ မြန်မာ့ဆန်တန် ၁၈၀၀၀ နဲ့ ပတ်သက်လို့ ဆန်တင်ပို့လိုက်တဲ့ မြန်မာကုမ္ပဏီတွေဘက်မှာ တာဝန်မရှိကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-04-24
ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ ပြင်ဆင်ချက် အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဒီကနေ့ ပယ်ချလိုက်တဲ့အပေါ် ပြည်တွင်းပြည်ပက ဝါရင့်သတင်းစာဆရာကြီးတွေက ဝေဖန်ရှုတ်ချကြ ပါတယ်။
2019-04-23
Belt and Road ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းအတွက် တရုတ်နိုင်ငံက ဝင်ရောက်ရင်းနှီးမြှုပ်နှံံတဲ့ နိုင်ငံတွေမှာ အကဲစမ်းစရာ ဘုံပြဿနာတွေ ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Center for a New American Security (CNAS) အမေရိကန်လုံခြုံရေးရာသစ်ဌာနက ပြောကြားလိုက်ပါတယ်။
2019-04-23
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နှစ်ဘက်လက်နက်ကိုင်အဖွဲ့ အမြန်ဆုံးတေ့ွဆုံဆွေးနွေးဖို့ လူမှုအဖွဲ့အစည်း ၂၉၈ ဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2019-04-23
မနေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဇီးပင်ချောင်း- လိပ်ဆုံမှာ ရဲကားတစ်စီးကို ARSA ရိုဟင်ဂျာကယ်တင်ရေးတပ်ရဲ့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး တပ်မတော်အနေနဲ့ AA ရခိုင့်တပ်မတော်နဲ့ ARSA အဖွဲ့တို့ကို တပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်ရမယ့် အခြေအနေ ရောက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။
2019-04-23
ရန်ကုန်မြို့ရဲ့ ဒုမြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဦးစိုးလွင်ဟာ လွန်ခဲ့တဲ့ ၅ လလောက်က စမ်းချောင်းမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄ (ခ) ၊ ရာဇသတ်ကြီးပုဒ်မ ၅ဝ၆ တို့နဲ့ ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရပြီး စည်ပင်ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၂၈ နဲ့ ငြိစွန်းခဲ့သူ ဖြစ်ပါတယ်။
2019-04-23
မန္တလေးတိုင်း မလှိုင်မြို့နယ် ညောင်ပင်သာကျေးရွာနဲ့ ဘဏ္ဍာစိုးကျေးရွာက တောင်သူ ၂ဝ ကျော်ပိုင်ဆိုင်တဲ့ မြေဧက၂ဝဝ ကျော်မှာ မန္တလေးတိုင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက နှစ်ရှည်ပင်တွေ ဝင်ရောက်စိုက်ပျိုးဖို့ ကြိုးစားနေတာကို တောင်သူတွေက ဒီကနေ့ တားမြစ်ကန့်ကွက်ခဲ့ပါတယ်။
2019-04-23
ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2019-04-23
မနေ့က မောင်တောမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်ဖို့ ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒီနေ့ထုတ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2019-04-23
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ မပါလို့ဆိုပြီး စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင် မှာ မနေ့က ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ပါတယ်။