တိုင်းစိမ်းစိုဦးစီးဌာနကို မလှိုင်တောင်သူတွေ တားမြစ်
2019.04.23
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ညောင်ပင်သာကျေးရွာနဲ့ ဘဏ္ဍာစိုးကျေးရွာက တောင်သူ ၂ဝ ကျော်ပိုင်ဆိုင်တဲ့ မြေဧက၂ဝဝ ကျော်မှာ မန္တလေးတိုင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက နှစ်ရှည်ပင်တွေ ဝင်ရောက်စိုက်ပျိုးဖို့ ကြိုးစားနေတာကို တောင်သူတွေက ဒီကနေ့ တားမြစ်ကန့်ကွက်ခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။