သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-23
မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော စတဲ့ဒေသတွေဘက်မှာ အခု ရက်ပိုင်းအတွင်း မိုးကြီးနေလို့ မြစ်ကြီနားမြို့ ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ ညနေပိုင်းမှာ ၇ ပေလောက် မြင့်တက်လာတာကြောင့် မြစ်ကြောင်းအတွင်း သတိပြုသွားလာလုပ်ကိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-02-23
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သုံးစွဲဖို့ တစ်နှစ်ခွဲစာ အမေရိကန်ဒေါ်လာ ၂.၅သန်း (၂သန်းခွဲ) သုံးစွဲဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က ဒီကနေ့ အတည်ပြုပေးလိုက်ပါတယ်။
2017-02-23
တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC က ပြုစုထားတဲ့ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ ပိုင်ဆိုင်မှု၊ စံမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနဲ့ သက်ရောက်မှုဆိုင်ရာ သုတေသန အစီ အရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို ဒီကနေ့ ဖိုးစိန် လမ်းမှာရှိတဲ့ Green Hill ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။
2017-02-23
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မွတ်ဆ လင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ အညီ စိစစ်ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံသား အသိ အမှတ်ပြုကဒ်တွေထုတ်ပေးဖို့ စီစဉ်နေတာတွေကို ရပ်တန့်ပေးဖို့ မောင်တောမြို့ခံတွေက မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-02-23
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ဝန်ကြီးချုပ်ရာထူးနဲ့ ပူးတွဲတာဝန်ယူထား တဲ့ ဆောက်လုပ်ရေးနဲ့ စည်ပင်သာယာရေး ဝန်ကြီးရာထူး ပါ နိုင်ငံတော်သမ္မတက နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။
2017-02-23
၀ ဒေသ ပန်ခမ်း ခေါ် ပန်ဆန်းမှာ ပြု လုပ်နေတဲ့ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ၂ ရက်မြောက်နေ့ ဆွေးနွေးပွဲမှာ NCA ခေါ် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်အတိုင်းသွားမလား ဒါမှမဟုတ် တိုင်းရင်းသားအဖွဲ့တွေအားလုံး လက်ခံတဲ့ နည်းလမ်း အသစ်နဲ့ သွားကြမလားဆိုပြီး ဆွေးနွေးကြကြောင်း အမည်မဖေါ်လိုသူ တိုင်းရင်းသားအဖွဲ့က ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။
2017-02-23
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့မှာ ကျင်းပဖို့အတွက် ရည်မှန်းထားပြီး ကျန်တဲ့ နေရာမှာ လုပ်မှာမဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် က ပြောပါတယ်။
2017-02-23
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲကို အစိုးရဘက်က တောင်ကြီးမြို့မှာ ကျင်းပဖို့ ခွင့်မပြုပေမယ့် ဆွေးနွေးပွဲတွေကို ကျန်တဲ့ နေရာမှာ လုပ်မှာမဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ပြောပါတယ်။
2017-02-23
အလုပ်ရှင်က မွေးစားထားတဲ့ ၁၀ နှစ်အောက် မိန်းကလေးငယ် ၄ ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အိမ်ရှင်ရဲ့ ယာဉ်မောင်းဖြစ်သူကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် တရားရုံးမှာ ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး ဒီကနေ့ တရားစွဲဆိုလိုက်ပါတယ်။
2017-02-23
မွန်ပြည်နယ်ဝန်ကြီးချုပ် ရာထူးအပြင် ပူးတွဲတာဝန် ယူထားတဲ့ ဆောက်လုပ်ရေးနဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနတွေကပါ နှုတ်ထွက်ခွင့်တင်ထားပြီး၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီကနေပါ နှုတ် ထွက်သွားမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဒီနေ့ သတင်းမီဒီယာသမားတွေ ကို ပြောလိုက်ခဲ့ပါတယ်။
2017-02-23
ကျောင်းသားများသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် ကော်မတီဖဲ့ွဖို့ အစည်းအဝေးကို ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2017-02-23
အစိုးရက ကောက်ယူနေတဲ့ အောင်ဘာလေထီ ရောင်းရငွေရဲ့ အခွန် ၄၀ ရာခိုင်နှုန်းထဲက ၁၀ ရာခိုင်နှုန်းကို အောင်ဘာလေထီဆုကြေးအဖြစ် ထည့်သွင်းပေးပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုသာ ကောက်ခံသင့်ကြောင်း တိုက်တွန်းတဲ့ အဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-23
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာစေပြီး အများပြည်သူလက်မခံတဲ့ နှစ်ရှည် စီမံကိန်းတွေနဲ့၊ ခေတ်အဆက်ဆက် အစိုးရက ခွင့်ပြုထားတဲ့ လုပ်ငန်းတွေကို ပြန်လည်စိစစ်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-22
ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ သင်ကြားခဲ့တဲ့ ပညာအရည်အချင်းတွေကို လက်ရှိမြန်မာအစိုးရက ထိုက်ထိုက်တန်တန် အသိအမှတ်ပြုပေးပါလို့ ကရင်လူငယ်အဖွဲ့အစည်း တချို့က တောင်းဆိုလိုက်ပါတယ်။
2017-02-22
ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေ မှာ သင်ကြားခဲ့တဲ့ ပညာအရည်အချင်းတွေ ကို လက်ရှိမြန်မာအစိုးရက ထိုက်ထိုက် တန်တန် အသိအမှတ်ပြုပေးပါလို့ ကရင်လူငယ်အဖွဲ့အစည်း တချို့က တောင်းဆိုလိုက်ပါတယ်။