ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်ရေ ၇ ပေလောက် မြင့်တက်


2017.02.23
kachin-river-620.jpg မြစ်ကြီးနားမြို့ အရှေ့ဘက် တာရိုးကနေ ဧရာဝတီမြစ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၆ နာရီမှာ တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော စတဲ့ဒေသတွေဘက်မှာ အခုရက်ပိုင်းအတွင်း မိုးကြီးနေလို့ မြစ်ကြီနား မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ ညနေပိုင်းမှာ ၇ ပေလောက် မြင့်တက်လာတာကြောင့် မြစ်ကြောင်းအတွင်း သတိပြုသွားလာလုပ်ကိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်တဲ့အတွက် သဲသောင်ခုံတွေပေါ်မှာ စိုက်ပျိုးလုပ်ကိုင်နေသူတွေနဲ့ လှေ၊ သင်္ဘောတွေ သတိပြုသွားလာကြဖို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှူး ဦးတင်ထိုက်က ပြောပါတယ်။

"၁၃၆ စင်တီမီတာကနေ ၃၇ဝ စင်တီမီတာလောက် တရက်တာအတွင်း တက်လာတာပေါ့နော်၊ ညနေ ၃ နာရီအထိတိုင်းတာ ၇ ပေလောက် တက်တာပေါ့နော်"

ပူတာအို နဲ့ မချမ်းဘော့ မြို့တွေမှာ အခုရက်ပိုင်းအတွင်း မိုးရေချိန် ၁ လက်မ ကျော်နဲ့ မြစ်ကြီးနားမြို့မှာ ဝ.၅၁ လက်မရွာသွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်နေ့ညက မြစ်ကြီးနားမြို့မှာ အချိန်အခါမဟုတ် မိုးသီးကြွေ၊ လေပြင်းတိုက်ပြီး မိုးရွာသွန်းခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ ဒီကနေ့ညနေပိုင်း တက်လာတဲ့ ဧရာဝတီမြစ်ရေဟာ ဗန်မော်၊ ရွှေကူ၊ ကသာ၊ စစ်ကိုင်း၊ မန္တလေး စတဲ့မြို့တွေဘက်ကို နောက်ပိုင်းရက်တွေမှာ ရောက်ရှိမှာဖြစ်တဲ့အတွက် မြစ်ကြောင်းအတွင်း သွားလာလုပ် ကိုင်နေကြသူတွေ သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။