သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-18
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ (၄၉)နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းမြို့မ ပဋိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ မွေးနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည ်အပါအဝင် နိုင်ငံရေး ခေါင်းဆောင် အများအပြား နဲ့အတူ စုစုပေါင်း လူ(၂)ထောင် ဝန်းကျင် တက်ရောက်ကြတယ်လို့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည် ညွန့်က RFA ကို ပြောပါတယ်။
2011-10-18
ကုလသမဂ္ဂ အေဂျင်စီ ၁၄ ခုနဲ့ IOM ခေါ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများရေးရာ ဆောင်ရွက်ရေး အဖွဲ့တို့ ပူးပေါင်းပြုစုတဲ့ Migration in Thailand ခေါ် ထိုင်းနိုင်ငံ ရှိ ရွှေ့ပြောင်း နေထိုင်သူများနဲ့ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အစီရင်ခံစာကို ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်းတိုက်မှာ ဒီကနေ့ ထုတ်ပြန်ပါတယ်။
2011-10-17
မြန်မာနိုင်ငံရဲ့လတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး AIPMC ခေါ် မြန်မာ့အရေး ဆောင်ရွက် နေတဲ့ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့က ဆွေးနွေးပွဲတစ်ရပ် ဒီကနေ့ အောက်တိုဘာလ (၁၈) ရက် အင်္ဂါနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အင်ဒိုနီးရှား လွှတ်တော် အဆောက်အဦမှာ ကျင်းပမယ်လို့ သိရပါတယ်။
2011-10-17
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး လွတ်မြောက်ရေး ၊ လူမျိုးစုနယ်မြေတွေမှာ ထိုးစစ်တွေ ရပ်ဆိုင်းရေး နဲ့လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အဆုံးသတ်ရေး အတွက် ကမ္ဘာ့ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေး အဖွဲ့CSW က တိုက်တွန်းလိုက်ပါတယ်။
2011-10-17
မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဥရောပ ပါလီမန်အမတ်များအဖွဲ့ EPCB အနေနဲ့ ဦးသိန်းစိန် အစိုးရက နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် လွှတ်ပေးတာကို ကြိုဆိုပေမယ့် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း မနေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။
2011-10-17
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံတကာကို ပြောနေပေမယ့် တကယ် စစ်မှန်တဲ့ အပြောင်းအလဲလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချယ်လ်က အမေရိကန် နိုင်ငံခြားရေးဌါနမှာ မနေ့က သီးသန့် ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
2011-10-17
မလေးရှားနဲ့ မြန်မာနိုင်ငံ အနေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားသူတွေ အပြန်အလှန် လဲလှယ်ဖို့ ရှိတယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီးက ဒီကနေ့ပြောကြားလိုက်ပါတယ်။
2011-10-17
ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဗဟိုမှ တိုက်ရိုက်ခန့်အပ်တဲ့စံနစ်ကို ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော် ဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေမူကြမ်းကော်မီတီက ပြန်လှန်သုံးသပ်ဖို့ အမျိုးသားလွှတ်တော် ဥက္ကဌက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2011-10-17
မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့အစည်း တစ်ခုပဲ ထားရှိရမယ်ဆိုတဲ့ ၁၉၆၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အလုပ်သမား ဥပဒေဟောင်းကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်ကနေ တရားဝင် ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။
2011-10-17
ပြီးခဲ့တဲ့ ၅ ရက်ကမှ မြစ်ကြီးနား အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ဟာသပညာရှင် ဦးသူရ ခေါ် (ကို)ဇာဂနာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေအိမ်မှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။
2011-10-17
အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ အကြို ဂုဏ်ပြုပွဲကို BG သွေးကူညီရေးအဖွဲ့က ဦးဆောင်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမှာ ရှိတဲ့ မြင်းခြံ ပိဋကတ်သုံးပုံ နိကာယ် ပရိယတ္တိ စာသင်တိုက်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။
2011-10-17
စင်္ကာပူနိုင်ငံက မြန်မာ သံရုံးကို အခွန်ပေးဆောင်ရာမှာ ကြားခံဆောင်ရွက်ပေးသူ ကိုယ်စားလှယ် ထားတဲ့ စနစ် မရှိသင့်တော့ဘူးလို့ စင်္ကာပူရောက် မြန်မာ နိုင်ငံသားတွေက ပြောဆိုကြပါတယ်။
2011-10-16
မြန်မာနိုင်ငံအတွက် နှစ်ပေါင်းများစွာ ရပ်ဆိုင်းထားတဲ့ ဂျပန်နိုင်ငံ နိုင်ငံရပ်ခြား အကူအညီ ODA ကို ပြန်လည် ပေးတော့မှာ ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Genba က တရားဝင် ကြေညာဖို့ ပြင်ဆင်နေပါတယ်။
2011-10-16
အစိုးရသစ်က အောက်တိုဘာလ (၁၁) ရက်နေ့စွဲနဲ့ ပြဋ္ဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေဟာ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကိုလှည့်စားတာ ဖြစ်ပြီး အလုပ်သမား အခွင့်အရေးတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက အာအက်ဖ်အေကို မနေ့က ပြောဆိုလိုက်ပါတယ်။
2011-10-16
ဦးအောင်ဆန်းဦးနဲ့ မော်နီတာ သတင်း ဂျာနယ် တာဝန်ရှိသူ ၂ ဦး အပေါ် ဒေါ်အောင်ဆန်းစုကြည်က စွဲဆိုထားတဲ့ အမှုကို လက်ခံသင့် မခံသင့် လာမယ့် သီတင်းပတ်အတွင်း တရားရုံးမှာ စတင်ကြားနာမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။