အလုပ်သမား ဥပဒေမှာ ဖိနှိပ်ထားချက်တွေ ပါဝင်နေဆဲလို့ BLC ထောက်ပြ
2011.10.16

(Photo: AFP)
ဒါ့အပြင် ဒီဥပဒေ ပြဋ္ဌာန်းချက်ကို ILO အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန်ရုံး တာဝန်ခံ စတိမာရှယ်က အလွန်အမင်း အကောင်းမြင် သုံးသပ်သွားတာဟာ ILO ရဲ့ နိုင်ငံတကာ သဘောတူညီချက် အမှတ်(၈၇) ကို မျက်ကွယ်ပြုရာ ရောက်တယ်လို့လည်း အောက်တိုဘာလ (၁၅) ရက်နေ့
ရက်စွဲနဲ့ ထုတ်ပြန်တဲ့ BLC ရဲ့ ထုတ်ပြန် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဦးအောင်ထူးက - ၁၉၇၅ ခုနှစ် နိုင်ငံတော်အား ဖျက်ဆီး နှောက်ယှက်မယ့် အန္တရာယ်များက ကာကွယ်ရေး ဥပဒေ၊ ၁၉၈၈ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ၊ နောက်- ၂၀၀၈ ဖွံ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ အပိုဒ် (၃၅၄)၊ ဒါတွေဟာ အလုပ်သမားတွေရဲ့
ဖွဲ့စည်း ဆောင်ရွက်မှုတွေကို ဟန့်တားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်၊ ဒါတွေကို မကြည့်ဘဲနဲ့ အလုပ်သမားတွေ ဆန္ဒပြလို့ ရတယ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လို့ ရတယ် ဆိုပြီး သိပ်ကြီး အကောင်းမြင်နေတာဟာ ILO ရဲ့ နိုင်ငံတကာ သဘောတူညီချက် အမှတ်(၈၇) နဲ့ မညီဘူးလို့
ပြောဆိုပါတယ်။
အစိုးရရဲ့ ပြဋ္ဌာန်းချက်မှာ အလုပ်သမား အဖွဲ့အစည်း ဥပဒေ အရ ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂ အက်ဥပဒေကို ဖျက်သိမ်းကြောင်း ပါရှိတာဟာ အဲဒီ ဥပဒေမှာ ပါတဲ့ အလုပ်သမား သမဂ္ဂတွေရဲ့ အပြည့်အ၀ ဆန္ဒပြခွင့်ကို ကန့်သတ်နိုင်ဖို့ အတွက် ဖြစ်တယ်လို့ ဦးအောင်ထူးက ပြောပါတယ်။
BLC ရဲ့ကြေညာချက်မှာ ILO အနေနဲ့ မြန်မာအစိုးရရဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေသစ်ကို ကျယ်ကျယ် ပြန့်ပြန့် မလေ့လာဘဲ ထောက်ခံတာဟာ အလုပ်သမား အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့အစည်း တစ်ခု အနေနဲ့ တာဝန်ပျက်ကွက်ရာ ကျတယ်လို့လည်း ဖေါ်ပြထားပါတယ်။
ဦးအောင်ထူးနဲ့ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |