အပစ်အခတ် ရပ်စဲရန် ဥရောပ ပါလီမန်အမတ်များအဖွဲ့ ကြေညာချက်ထုတ်
2011.10.17
အဲဒီလို အခြေအနေတွေကသာ မြန်မာ့နိုင်ငံရေး ဖြေရှင်းဖို့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးရေးအတွက် ပထမ ခြေလှမ်း ဖြစ်မယ်လို့ ဆိုပါတယ်။
ဦးသိန်းစိန် အစိုးရရဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးပုံဟာ အရင် ၁၉၉၂ ခုနှစ် နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာ
ဏာရှိခဲ့စဉ်က နိုင်ငံရေး အကျဉ်းသမား တချို့ လွှတ်ပေးပြီး အများစုကို ဆက်လက် ထောင်ချထားပုံနဲ့ တူညီနေတဲ့ အကြောင်းနဲ့ ဒီလိုနည်းနဲ့တော့ ဥရောပ သမဂ္ဂ EU နိုင်ငံတွေရဲ့ သံတမန်ရေးနဲ့ စီးပွါးရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရပ်ဆိုင်းသွားအောင် လုပ်လို့ မရနိုင်ဘူးလို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာ့အရေး ဆိုင်ရာ ဥရောပ ပါလီမန် အမတ်များ အဖွဲ့ EPCB ရဲ့ ကြေညာချက်ဟာ မှန်ကန်တဲ့ အတွက် ထောက်ခံတဲ့ အကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗြိတိန်ဌါနခွဲ ဥက္ကဌ ဒေါက်တာဝင်းနိုင်က အာအက်ဖ်အေကို ပြောပါတယ်။
တကယ်တော့ ဖမ်းထားတဲ့သူ ပြန်လွှွတ်ပေးပြီး အပေးအယူ လုပ်ပြီးတော့ စီးပွါးရေး ပိတ်ဆို့မှုတွေကို လျှော့ပေးစရာ မလိုတဲ့ အကြောင်း၊ တကယ်တော့ သူတို့ လုပ်ပေးရမှာက အားလုံးကို လွှတ်ပေးမယ်၊ တိုင်းရင်းသားတွေကို မတရား နှိပ်စက်ပြီး လက်နက်နဲ့ အကြီးအကျယ် တိုက်ခိုက်နေတာ၊ မုဒိမ်းမှုတွေ ကျူးလွန်နေတာ အားလုံး ရပ်စဲပေးရမှာ ဖြစ်ကြောင်း၊ အဲဒါတွေ လုပ်မပေးဘဲနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေတယ်ဆိုတာ ဘယ်လိုမှ ယုံကြည်နိုင်စရာ မရှိတဲ့ အကြောင်းကိုလည်း ဒေါက်တာဝင်းနိုင်က အာအက်ဖ်အေ ကို ပြောပါတယ်။
EPCB ရဲ့ ကြေညာချက်ထဲမှာ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးဟာ EU ဥရောပသမဂ္ဂ နဲ့ နိုင်ငံတကာရဲ့ အဓိက ဦးစားပေး ကိစ္စ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။