မြန်မာကို ထောက်ပံ့မှုတိုးမြှင့်ဖို့ အီးယူလွှတ်တော်ဒုဥက္ကဋ္ဌ တိုက်တွန်း

2022.09.21
မြန်မာကို ထောက်ပံ့မှုတိုးမြှင့်ဖို့ အီးယူလွှတ်တော်ဒုဥက္ကဋ္ဌ တိုက်တွန်း ဥရောပသမဂ္ဂလွှတ်တော်ဒုဥက္ကဋ္ဌ ဟိုက်ဒီဟက်တောလာကို တွေ့ရစဉ်။
Photo: European Parliament

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ တိုးမြှင့်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဥရောပသမဂ္ဂလွှတ်တော်ဒုဥက္ကဋ္ဌ ဟိုက်ဒီဟက်တောလာ (Heidi Hautala) က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းကပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ဟိုက်ဒီဟက်တောလာက အခုလို တိုက်တွန်းခဲ့တာပါ။

"မြန်မာနိုင်ငံက ပဋိပက္ခတွေကို မဆုံးဖြတ်နိုင်သေးခင်မှာ စစ်အာဏာသိမ်းမှုကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကပ်ဘေးက အကြီးအကျယ် ဖြစ်ပေါ် နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ‌ဆောင်ရွက်မှုနဲ့ ပျက်ကွက်မှုတွေဟာ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစနစ်မှာ ဘယ်ဘက်က အလေးသာလဲဆိုတာကို ညွှန်းဆိုနေပါတယ်"

ဟိုက်ဒီဟက်တောလာရဲ့ ပြောကြားချက်ကို အာဆီယံနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ လွှတ်တော် (European Parliament in Asean) ရဲ့ တွစ်တာစာမျက်နှာမှာ စက်တင်ဘာ ၂၀ ရက်မနေ့က ပြန်လည်ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ၊ သံတမန်ရေးရာ ဖယ်ကျဉ်မှုတွေနဲ့ ဖိအား ပေးတာတွေ တိုးမြှင့်လုပ်ဆောင်ဖို့ကိုလည်း ဟိုက်ဒီဟက်တောလာက နှိုးဆော်ခဲ့ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာ ၅ ရက်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဘေးဒုက္ခသည်ဦးရေဟာ ၁ ဒသမ ၃ သန်းကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။