မြန်မာ့အရေး AIPMC ဆွေးနွေးမည်
2011.10.17

Photo: RFA
" နိုင်ငံရေးအကျဉ်းသား (၂၀၀) မလွှတ်မီ နဲ့လွှတ်အပြီး မြန်မာနိုင်ငံ " ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်း အရပ်ဘက်လူ့ဘောင်ရဲ့ နောက်ဆုံးအခြေအနေတွေ၊ မြန်မာ့ ဒီမိုကရေစီရေး အပေါ် အင်ဒိုနီးရှား လွှတ်တော်အမတ်တွေရဲ့ သဘောထားအမြင်တွေ၊ မြန်မာ နဲ့ အာဆီယံ ဥက္ကဌ ကိစ္စ၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Mr. Marty Natalegawa မြန်မာနိုင်ငံကို ဒီလကုန်ပိုင်းမှာ သွားရောက်မယ့် ကိစ္စ စတာတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။