သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-17
အကျဉ်းထောင်အသီးသီးကနေ ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထောင်ဒဏ်စေ့ပြီးလွတ်လာ တဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆ ယောက် ရှိတယ်လို့ကြားသိရပါတယ်။ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့သူတွေကတော့ ကိုဟန်ဝင်းအောင်၊ ကိုလွင်ကိုလတ်၊ ကိုကျော်ကျော် စတဲ့ ကျောင်းသား နိုင်ငံရေးအကျဉ်းသားတွေပါ။
2010-12-17
စင်ကာပူနိုင်ငံ အမေရိကန်သံရုံးက သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်းမှာ အရှေ့တောင် အာရှ နိုင်ငံ များအဖွဲ့ အာဆီယံ အနေနဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို အဖွဲ့ဝင် တွေအဖြစ် ဝင်ခွင့်မပေးခဲ့သင့်ဘူးလို့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောကြားခဲ့ကြောင်း WikiLeaks အင်တာနက်သတင်းက ဒီဇင်ဘာ ၁၅ ရက် ဗုဒ္ဒဟူးနေ့က ဖော်ပြပါတယ်။
2010-12-17
အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး လျှို့ဝှက် ကြေးနန်း မှတ်တမ်းတွေကို WikiLeaks အင်တာနက် အဖွဲ့က ပေါက်ကြားဖော်ပြနေရာမှာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကနေ အမေရိကန် နိုင်ငံခြားရေးဌာနကို ပေးပို့တဲ့ ကြေးနန်းစာတစောင် ဒီဇင်ဘာ ၁၆ ရက် မနေ့က ထွက်ပေါ်လာပြန်ပါတယ်။
2010-12-17
အိုင်ယာလန်နိုင်ငံ Galway မြို့တော်ကောင်စီက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွတ်မြောက်သူ အမျိုးသမီးဆု လက်ခံယူဖို့ ဖိတ်ကြားလိုက် ပါတယ်။ Galway မြို့တော်ကောင်စီဟာ ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို Freewoman of Galway ဆု ချီးမြှင့် ဂုဏ်ပြုခဲ့တာပါ။
2010-12-16
ရန်ကုန် ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးကို နောက်ထပ် ဈေးသစ်နေရာကို ရက်တိုအတွင်း အပြီးရွှေ့ပြောင်း ခိုင်းနေတဲ့အတွက် ဈေးသူဈေးသားတွေ အတော်ကလေး အခက်အခဲ ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။
2010-12-16
ရခိုင်ပြည်နယ်က ဂီရိ မုန်တိုင်းဒုက္ခသည်တွေကို အကူအညီပေးဖို့ ကျောက်ဖြူမြို့ကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ ကျောက်ဖြူမြို့က မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ ကျေးရွာတွေကို သွားရောက်ပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ ပေးခဲ့ကြကြောင်း သိရပါတယ်။
2010-12-16
နော်ဝေးလို လူ့အခွင့်အရေး တန်ဖိုးထားတဲ့ နိုင်ငံတခု အနေနဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်နေတာကို လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ERI အဖွဲ့ကြီးက ရှုတ်ချလိုက်ပါတယ်။
2010-12-16
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ ညနေက ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် ဆွစ်ဇာလန်သံရုံး သံအမတ်ကြီးကို တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2010-12-16
ထိုင်းဘတ်ငွေ သန်း ၂၀၀ တန်ဖိုး ရှိတဲ့ မြန်မာ့ကျွန်းသစ်လုံးရေ သုံးထောင်ကျော်ကို ဒီဇင်ဘာ ၁၅ ရက် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းမိ သိမ်းဆည်းခဲ့ပါတယ်။
2010-12-16
ဂျာမန်သတင်းဌာနတခုဖြစ်တဲ့ Deutsche Welle သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်း ခဲ့ရာမှာ တွေ့ဆုံဆွေးနွေးရေး၊ တရုတ်နဲ့ အိန္ဒိယအပေါ် သဘောထား၊ ဥရောပနိုင်ငံတွေရဲ့ ထောက်ခံမှု စတာတွေကို မေးမြန်းခဲ့ပါတယ်။
2010-12-15
ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးဆောင်တဲ့ သုခဆေးခန်းမှာ မျက်စိဝေဒနာသည်တွေ ခွဲစိတ် ကုသပေးနိုင်မဲ့ ခေတ်မီ ခွဲခန်း တည်ဆောက်ရေးအတွက် မန္တလေးနဲ့ မိတ္ထီလာက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ၅ ဦး စုပြီး ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့ ငွေသွားလှူကြပါတယ်။
2010-12-15
ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်း ဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့ ပေးဖို့ ရန်ကုန်မြို့ကနေ ထွက်ခွာသွားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဟာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ကျောက်ဖြူမြို့နယ် မင်းပြင်ရွာကို ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ သွားရောက်ပြီး အကူအညီ အထောက်အပံ့တွေ ကူညီ ပေးအပ်ခဲ့ကြပါတယ်။
2010-12-15
ကရင်ပြည်နယ်တွင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေး ရောက်ရှိ ခိုလှုံလာသူတွေကို ဒုက္ခသည်လို့ ထိုင်းအစိုးရက မသတ်မှတ်နိုင်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Mr. Panitan Wattanayagorn က RFA နဲ့ သီးသန့် ဆက်သွယ်မေးမြန်းစဉ် ပြောဆိုလိုက်ပါတယ်။
2010-12-15
မြန်မာစစ်ခေါင်းဆောင်တွေဟာ တိုင်းပြည် သဘာဝ သယံဇာတတွေကို အလွဲသုံး စီမံခန့်ခွဲနေတဲ့ ခပ်ထိုင်းထိုင်း ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်းနဲ့ ဝါရင့်ဝန်ကြီးဖြစ်သူ လီကွမ်ယူး Lee Kuan Yew က သုံးသပ်ပြောဆိုခဲ့တယ်လို့ မကြာခင်က Wikileaks အင်တာနက်ကတဆင့် ပေါက်ကြားခဲ့တဲ့ အမေရိကန်သံရုံး သတင်းပေးပို့ချက်မှာ ဖော်ပြထားပါတယ်။
2010-12-15
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့ နိုင်ငံခြားသံတမန်တွေကို လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။