ခွဲစိတ်ခန်းအတွက် နိုင်ငံရေးအကျဉ်းသား မိသားစုအချို့ ၁၀ ဒေါ်လာရန်ပုံငွေ လှူဒါန်း
2010.12.15

အဲဒီ လှူဒါန်းခဲ့သူတွေကတော့ ဖျာပုံထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရွှေမောင်ရဲ့ ဇနီး ဒေါ်သန်းသန်းဝင်း၊ ၁၉၉၈ ခုနှစ်က စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွား ရတဲ့ မန္တလေးမြို့က NLD အဖွဲ့ဝင် ဦးအောင်မင်းရဲ့ ဇနီး ဒေါ်သွယ်သွယ်စန်း၊ သူ့ရဲ့ သားကြီးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုရန်နောင်စိုးနဲ့ သားငယ် ကိုစိုးလှိုင်ထွန်း၊ မိတ္ထီလာမြို့က NLD အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးတို့ စုစုပေါင်း ၅ ဦးက တယောက်ကို ဆယ်ဒေါ်လာနှုန်းနဲ့ ညီမဲ့ ကျပ်ငွေ တသောင်းစီ စုပြီး သွားလှုကြတာပါ။
ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့က ရန်ကုန်မြို့မှာ သုခကုသိုလ်ဖြစ် ဆေးခန်းတည်ဆောက်ပြီး အနယ်နယ်အရပ်ရပ်က လူနာတွေကို အခမဲ့ ဆေးဝါး ကုသပေးနေရာမှာ မျက်စိဝေဒနာသည်တွေကိုလည်း စေတနာ ဆရာဝန်တွေနဲ့ ကုသပေးနေပါတယ်။
အဲဒီမှာ အခုတော့ ခွဲစိတ်ရမဲ့ လူနာတွေကိုပါ ကုသပေးနိုင်အောင် တဦးကို ဆယ်ဒေါ်လာနှုန်းနဲ့ လူ ၂၅၀၀ ဆီက အလှူငွေရမယ်ဆိုရင် ခေတ်မီ ခွဲစိတ်ခန်းတခုအတွက် ကိရိယာတွေ ဝယ်နိုင်မယ်ဆိုပြီး လှူဒါန်းကူညီကြဖို့ ဦးကျော်သူ ဆော်သြနေတာ ဖြစ်ပါတယ်။
ဆယ်ဒေါ်လာနှုန်း လှူဒါန်းဖို့ မေတ္တာရပ်ခံနေတာနဲ့ ပတ်သက်လို့ ဦးကျော်သူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |