သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-25
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွာသာကြီးရွာကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၂၅ ရက် ဒီနေ့ မနက် ၉ နာရီမှာ ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့လို့ အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-25
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်းနားရွာ၊ သဲစားရွာနဲ့ ငှက်ပျောတောရွာတွေကို စစ်ကောင်စီတပ်သား အင်အား ၁၇၀ နီးပါး စက်တင်ဘာ ၂၄ ရက်က ဝင်ရောက်စီးနင်းခဲ့လို့ လူ ၈၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-25
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ လုံခြုံရေးအကြောင်းပြပြီး ည ၁၀ နာရီမတိုင်ခင် ဆိုင်အားလုံးပိတ်သိမ်းဖို့ စစ်ကောင်စီက စက်တင်ဘာလ ၂၄ ရက်မနေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
2022-09-25
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ဦးကို စက်တင်ဘာလ ၂၄ ရက် မနေ့ မနက်ပိုင်းက ပဲခူးတိုင်း၊ သယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက မနေ့က ထုတ်ပြန်ပါတယ်။
2022-09-25
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီး ကာလဝါရီတောင်အနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေအတွင်း PDF တပ်ဖွဲ့ဝင် ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။
2022-09-24
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်း ဝင်းထဲမှာရှိတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် ကျောင်းမှာ စာသင်နေကြတဲ့ ကလေးငယ် ခုနစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ရပါတယ်။
2022-09-24
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီကနေ ပြင်းပြင်းထန်ထန် အရေးယူခြင်းမရှိတဲ့အပေါ် ဝမ်းနည်းစိတ်ပျက်ရတယ်လို့ မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ရာကွတ် (Ismail Sabri Yaakob) မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောလိုက်ပါတယ်။
2022-09-24
မြန်မာနိုင်ငံအပေါ် လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် အရေးယူတာ မတွေ့ရလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က မနေ့က ပြောကြားပါတယ်။
2022-09-24
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်းနားရွာကို စက်တင်ဘာလ ၂၄ ရက် ဒီနေ့ နေ့လယ် နှစ်နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့လို့ အရပ်သား ၆၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-24
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေသံလွင် စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၂၂ရက် ည ၁၀ နာရီမှာ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၃၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
2022-09-24
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2022-09-24
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီနဲ့ မဆက်ဆံဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်ဆံဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၃၈ ဖွဲ့က စက်တင်ဘာလ ၂၃ ရက်မနေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုလိုက်ပါတယ်။
2022-09-24
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ရွာကို စက်တင်ဘာလ၂၃ရက် မနေ့ညနေက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သားတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-24
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဝန်းကျင်က စက်တင်ဘာလ ၂၄ ရက် ဒီကနေ့ မနက် ၅ နာရီမှာ ဝင်ရောက်စီးနင်းပြီး တတိယအကြိမ်မြောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-23
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စစ်တပ်ရဲ့ ဦးပိုင်လီမိတက်နဲ့ တရုတ်ရဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ရဲ့ အကျိုးတူစီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။။