စစ်တွေမှာ ည ၁၀ နာရီမတိုင်ခင် ဆိုင်အားလုံးပိတ်သိမ်းဖို့ အမိန့်ထုတ်

2022.09.25
စစ်တွေမှာ ည ၁၀ နာရီမတိုင်ခင် ဆိုင်အားလုံးပိတ်သိမ်းဖို့ အမိန့်ထုတ် စစ်တွေမြို့မဈေးကြီးအား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ လုံခြုံရေးအကြောင်းပြပြီး ည ၁၀ နာရီမတိုင်ခင် ဆိုင်အားလုံးပိတ်သိမ်းဖို့ စစ်ကောင်စီက စက်တင်ဘာလ ၂၄ ရက်မနေ့က အမိန့်ထုတ်ပြန် ခဲ့ပါတယ်။

စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ အရက်ဆိုင်၊ စတိုးဆိုင်၊ အအေးဆိုင်၊ KTV နဲ့ လမ်းဘေးဈေးဆိုင်အားလုံး ပိတ်သိမ်းရမယ်လို့ အဲဒီအမိန့်စာမှာ ရေးသားထား ပါတယ်။

ဒီအမိန့်ကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီ စစ်ကောင်စီရဲ့ စစ်တွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လွင် လက်မှတ်နဲ့ ပေးပို့ခဲ့တာပါ။ မလိုက်နာရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့လည်း ဆိုထားပါတယ်။

စစ်တွေဒေသခံတွေက အခုလို အမိန့်ထုတ်ပြန်တာကို သိရှိပေမယ့် ဘာကြောင့်ထုတ်ပြန် တယ်ဆိုတာကို သေချာမသိဘူးလို့ ပြောပါတယ်။

ဒီအမိန့်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိ စစ်တွေမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တကျော့ပြန် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။