သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-25
စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက် လမ်းမပေါ်မှာ ဇွန်လ ၂၃ ရက်နေ့ည ၉ နာရီလောက်အချိန်က ဒေသခံ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လိုက်လို့ သေဆုံးသွားခဲ့တာပါ။
2021-06-25
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ဇွန်လ ၂၄ ရက် မနေ့က ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ တာကြောင့် စစ်တပ်ဘက်က အနည်းဆုံး ကိုးဦးနဲ့ ကာကွယ်ရေးတပ်ဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ မင်းကင်းကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
2021-06-25
ရခိုင်ပြည်နယ် ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်က အခြေခံပညာ သင်ကျောင်းတွေမှာ ကျောင်းသူ၊ ကျောင်းသား ၉၇ ရာခိုင်နှုန်းအထိ ကျောင်းတက် နေကြပြီလို့ဆိုပေမယ့် စစ်ဘေးဒုက္ခသည်စခန်းက ကျောင်းသူ၊ ကျောင်းသား ၃၀ ရာခိုင်နှုန်းကတော့ အခုအချိန်အထိ ကျောင်းမတက်နိုင်သေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC)က RFA ကို ပြောပါတယ်။
2021-06-25
ကချင်ပြည်နယ်အတွင်းမှာ ခရီးသည်တင်ကားတွေ၊ အိမ်စီးကားတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းယာဉ်တွေအနေနဲ့ စစ်တပ်ရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို မသယ်ဆောင်ပေးဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ တပ်မဟာ ၂ စစ်ဋ္ဌာနချုပ် တပ်ရင်း ၁၁ က ဒီနေ့ ဇွန် ၂၅ ရက်မှာ သတိပေးချက်ထုတ်ပြန်လိုက် ပါတယ်။
2021-06-25
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်မှာ ဒီနေ့ ဇွန်လ ၂၅ ရက် မနက် ၅ နာရီဝန်းကျင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်မင်း ဟာ သူ့အိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရပြီး ဆေးရုံကိုတင်လိုက် ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-06-25
အပတ်စဉ် (၇၀) မြောက် ကရင်နီစစ်သင်တန်းဆင်းပွဲကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နယ်မြေ တလဲဒူဆို(ခ)ညာမိုဒေသမှာ ဒီနေ့ ဇွန်လ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2021-06-25
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်ရာနယ်မြေ၊ တလဲဒူဆို (ခ) ညာမိုဒေသမှာ ကရင်နီစစ်သင်တန်း အပတ်စဉ် (၇၀) မြောက် သင်တန်းဆင်းပွဲကို ဇွန်လ ၂၅ ရက် ဒီနေ့ မနက်ပိုင်း ပြုလုပ်ခဲ့ပါတယ်။
2021-06-25
ရန်ကုန်မြို့၊ ဗဟန်းရေတာရှည်လမ်းဟောင်းမှာ ရန်ကုန်သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဇွန် ၂၅ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-06-25
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဇွန် ၂၅ ရက် ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။
2021-06-24
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေဟာ မတရားမှုအတွက် လမ်းမပေါ် ထွက် ဆန္ဒပြခဲ့ကြသလို စစ်အာဏာရှင်ယန္တရား ရပ်တန့်ရေး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာလည်း ပါဝင်ခဲ့ကြပါတယ်။
2021-06-24
မနေ့က၂၄ နာရီအတွင်း ကိုဗစ် ၁၉ အတည်ပြုလူနာ ၇၈၇ ယောက်တွေ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ဇွန်လ၂၄ရက် ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2021-06-24
အမေရိကန်အစိုးရက ထိန်းချုပ်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ လွှဲပြောင်းပေးဖို့ အမေရိကန်ရောက် မြန်မာတချို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2021-06-24
စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန်လ ၂၁ ရက်နေ့အထိ လေးလကျော်အတွင်း စစ်ကောင်စီကနေ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရသူ ၆၄ ယောက် ရှိနေပါပြီ။
2021-06-24
ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာသိမ်းထားတဲ့စစ်တပ်ကို လူထုက လက်နက်ကိုင်ပြီး ပြန်လည်အန်တုဖို့ ပြင်ဆင်လာတာကြောင့် မြို့ပြတိုက်ပွဲတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ခြေရှိနေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2021-06-24
ရခိုင်ပြည်နယ် သံတွဲမြို့မှာ အချုပ်သားနှစ်ဦး၊ စစ်တွေမြို့မှာ သုံးဦးနဲ့ မောင်တော မြို့မှာ တစ်ဦး စုစုပေါင်း ခြောက်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မနေ့က ထပ်တွေ့ရတယ် လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က RFA ကို ပြောပါတယ်။