ပြည်သူတွေကို ကာကွယ်ဖို့ KNPP ပြောကြား
2021.06.25
အပတ်စဉ် (၇၀) မြောက် ကရင်နီစစ်သင်တန်းဆင်းပွဲကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နယ်မြေ တလဲဒူဆို(ခ)ညာမိုဒေသမှာ ဒီနေ့ ဇွန်လ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
KNPP ရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်မှူးချုပ် အောင်မြတ် က ရဲဘော်တွေအနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ပဲ ပြောချင်တယ်လို့ သင်တန်းဆင်းပွဲမှာ RFA ကို ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း စည်းလုံးညီညွတ်ဖို့နဲ့ အမျိုးသားသစ္စာဖောက်တွေ ဝင်လာနိုင်တာကို သတိထားကြဖို့ ဗိုလ်မှူးချုပ် အောင်မြတ် က ပြောပါတယ်။