သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-27
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အင်တိုင်းတောကျေးရွာမှာ အငြင်းပွားနေတဲ့ မြေကိစ္စနဲ့ ပတ်သက်ပြီး တောင်သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီအကြား ဒီနေ့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
2018-06-27
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု သတင်းပေးသူတစ်ဦးကို အနည်းဆုံး ကျပ်သိန်း ၁၃၀ ဆုကြေးပေးမယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2018-06-27
မန္တလေးကတဆင့် တရုတ်ပြည်ကို တင်ပို့ရောင်းချမယ့် ကျောက်စိမ်းအရိုင်းတုံး ၆၀၀ ကျော်ကို ကျောက်မဲတိုးဂိတ်မှာ ဒီနေ့ မနက်က ဖမ်းဆီးရမိခဲ့ပါတယ်။
2018-06-27
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်ခဲ့မှု ပတ်သက်ပြီး ရိုက်တာသတင်းဌာနက အထူးအစီရင်ခံစာ တစောင်ကို ဇွန်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ တပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့က စစ်ဆင်ရေးကာလအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခဲ့ပုံတွေကို ဖေါ်ပြထား ပါတယ်။
2018-06-27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အာဏာသိမ်းမယ် လို့ ပြောဆိုခဲ့တာ မဟုတ်သလို ဒေါသတကြီး ပြောဆိုခဲ့တာလည်း မရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2018-06-26
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနက အထူးအစီရင်ခံစာ တစောင်ကို ဇွန်လ ၂၆ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာမှာ တပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့က စစ်ဆင်ရေးကာလအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခဲ့ပုံတွေကို တင်ပြထားပါတယ်။
2018-06-26
တရုတ်နဲ့ မြန်မာအကြား စီးပွားရေးစြင်္ကန်တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ တစောင်ကို မကြာခင် လက်မှတ်ထိုးမယ်လို့ မနေ့က ထုတ်ဝေတဲ့ Global Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။
2018-06-26
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းအရာရှိ ၁၃ ဦးကို အရေးယူဖို့ တိုက်တွန်းထားတဲ့ အစီရင်ခံစာတစောင်ကို AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2018-06-26
တရုတ်ပြည်ကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့ တရုတ် ဒုသမ္မတ Wang Qishan ဝမ် ကျီးရှင်တို့ ဘေကျင်းမြို့မှာ မနေ့က တွေ့ဆုံပြီးနောက် ပူးပေါင်းဆောင်ရွက်မှု တွေ တိုးချဲ့ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ကြပါတယ်။
2018-06-26
လာမယ့် ဇူလိုင်ကုန်လောက်မှာ ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း၊ မော်လူး၊ မော်ဟန်နဲ့ ရှမ်းပြည်နယ် မိုင်းရှူးရတနာမြေတွေမှာ လက်လုပ်လက်စား လုပ်ကွက်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုပေးဖို့ စီစဉ်နေပါတယ်။
2018-06-26
မြန်မာနိုင်ငံ သတင်းမီဒီယာလောကမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတရပ် ဝင်ရောက်လာမယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။
2018-06-26
မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှုတွေလျော့နည်းပပျောက်အောင် လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ပြီး နိုင်ငံရေးဆွေးနွေးဖို့လိုသလို၊ နှိပ်စက်သူတွေကို ဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
2018-06-26
မန္တလေးတိုင်း မေမြို့ခေါ် ပြင်ဦးလွင်မြို့နယ်မှာ ပြည်သူပိုင်သိမ်းတယ်လို့ နာမည်ခံပြီး တိုင်းသမဝါယမအသင်းက ရယူထားတဲ့ မြေယာအမှုမှာ ပိုင်ရှင်အစစ်အမှန် ပေါ်ပေါက်ခဲ့ပေမယ့် ဒီအမှုကို ဖြေရှင်းမပေးနိုင်ကြောင်း တိုင်းဝန်ကြီးချုပ်ရုံးက အကြောင်းပြန်ခဲ့ပါတယ်။
2018-06-26
မလေးရှားနိုင်ငံ ဆီလယမ်းမြို့နယ်မှာ ပြီးခဲ့တဲ့စနေနေ့က Grab အငှားကားဒရိုင်ဘာ တယောက်ကို သတ်ဖြတ်မှုနဲ့ မြန်မာအမျိုးသား တယောက်၊ အမျိုးသမီး တယောက်ကို ဖမ်းဆီးလိုက်တယ်လို့ မလေးရှားရဲက ပြောပါတယ်။
2018-06-26
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးပတ်သက်ပြီး တာဝန်ယူလုပ်ကိုင်ရာမှာ အားနည်းချက်ရှိတဲ့အတွက်ဆိုပြီး ဗိုလ်ချုပ်မောင်မောင်စိုးကို တပ်မတော်ကနေ ထုတ်ပယ်လိုက်ပါတယ်။