မူးယစ်သတင်းပေးသူကို ဆုကြေး ကျပ်သိန်း ၁၃၀ အနည်းဆုံးပေးမည်


2018.06.27
fired-drug-622.jpg အမေရိကန်ဒေါ်လာ ၆၆ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် က ကားကြီးဝင်းထဲမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီးစဉ်
Photo: Htet Arkar/ RFA

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု သတင်းပေးသူတစ်ဦးကို အနည်းဆုံး ကျပ်သိန်း ၁၃၀ ဆုကြေးပေးမယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ သတင်းထောက်တွေကို ဦးဇော်ဌေး က ပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူဆီက သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချပြီး သတင်းပေးသူ ကို ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးတဲ့ တပ်ဖွဲ့ကို ၂၀ ရာခိုင်နှုန်းနဲ့ နိုင်ငံတော်က ၇၀ ရာခိုင်နှုန်း ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

ဆုကြေးရရှိသူဟာ အခွန် ကင်းလွတ်ခွင့်ရရှိမှာဖြစ်သလို ပိုင်ဆိုင်မှုတွေကို တန်ဖိုးသင့်နေတဲ့ကာလမှာ နိုင်ငံတော်က စိုက်ထုတ်ပေးထားမယ်လို့လည်း ပြောပါတယ်။

သတင်းပေးသူတွေရဲ့ လုံခြုံရေးအတွက် သတင်းပေါက်ကြားမှုမရှိအောင် ဆောင်ရွက်မှာဖြစ်ပြီး ဗဟိုအဖွဲ့ရဲ့အောက် မှာ အရာရှိအဆင့် အများစုပါဝင်တဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးအဖွဲ့က ဆောင်ရွက်မယ်လု့ိ သိရပါတယ်။

သမ္မတရုံးမှာ ဖွင့်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနကို တိုင်ကြားလာတဲ့ အချက်အလက် တွေကို သမ္မတရုံး အမြဲတမ်း အတွင်းဝန်ကတဆင့် သမ္မတထံတင်ပြပြီး သမ္မတက အထူးတပ်ဖွဲ့ကို တိုက်ရိုက် အမိန့်ပေး ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။