တရုတ်-မြန်မာ ဆက်ဆံရေး တိုးချဲ့ဖို့ မျှော်လင့်
2018.06.26

တရုတ်ပြည်ကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့ တရုတ် ဒုသမ္မတ Wang Qishan ဝမ် ကျီးရှင်တို့ ဘေကျင်းမြို့မှာ မနေ့က တွေ့ဆုံပြီးနောက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ မျှော် လင့်ကြောင်း ပြောကြားခဲ့ကြပါတယ်။ တရုတ် ဒုသမ္မတ ဝမ်က နှစ်ပြည်ထောင်အကြား အစဉ်အလာရှိခဲ့တဲ့ ချစ်ကြည်မှုကို ဆက်လက်ထိမ်းသိမ်းမှာဖြစ်ကြောင်း ပြောကြားခဲ့သလို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကလည်း တရုတ်ပြည်ရဲ့ ကူညီပံပိုးမှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ ကဏ္ဍပေါင်းစုံမှာ ပိုမို ပူးပေါင်းဆောင်ရွက် ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တရုတ် ဒုသမ္မတက မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်းအေးချမ်းမှုရှိရေး ကြိုးပမ်းမှုတွေကို တရုတ်ပြည်က ထောက်ခံကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။