သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-25
စစ်ခေါင်းဆောင်နဲ့ အာဆီယံအသင်းခေါင်းဆောင်တွေကြား ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၄ ရက်နေ့က သဘောတူခဲ့တဲ့ အချက် ၅ ချက်ကို ဆောင်ရွက်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေဘက်က ပျက်ကွက်နေတာကိုလည်း ပြင်သစ်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
2022-04-25
"အရင်က ဆန္ဒပြပြီး အနိုင်ရမယ်ပဲ တွေးခဲ့တာ နောက်တော့ မရမှန်းသိခဲ့တယ်။ ရပ်ကွက်ထဲထိလိုက် ပစ်ခတ်တော့ လက်နက်ကိုင်ပြန်တိုက်မှ နိုင်မယ်ဆိုတာ သိလာတယ်" လို့ ဆရာမမေက ပြောပါတယ်။
2022-04-25
စစ်ကောင်စီနဲ့ BGF နယ်ခြားစောင့်တပ်တွေ ပေါင်းပြီး၊ ဒေသခံတွေနေတဲ့ ရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေတာကြောင့်၊ ဘီးလင်းမြို့နယ် KNU ထိန်းချုပ်နယ်မြေထဲက ဝင်းတာပန်၊ မြစ်ကျိုးစတဲ့ ရွာကိုးရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
2022-04-25
ဒီးမော့ဆိုမြို့နယ်၊ အိုးခုရီနဲ့ နောင်ပုလဲရွာတွေက စစ်ဘေးဒုက္ခသည် လေးရာလောက်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရင်း ငြိမ်းတောင်ဒုက္ခသည်စခန်းကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားကြတာပါ။
2022-04-25
အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၃၀ ဦးနဲ့ အမျိုးသား ၁၀၀ ဦး၊ စုစုပေါင်း ၁၃၀ တို့ကို ဧပြီ ၂၄ ရက် မနေ့က ထောင်ပြောင်းရွှေ့လိုက်ပါတယ်။
2022-04-25
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ လူကယ်ပြန်ဌာနက လစဉ်ပုံမှန် ဆန်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းထားတာကြောင့် ဒုက္ခသည်တွေ အခက်အခဲ ဖြစ်နေပါတယ်။
2022-04-25
စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံတစ်ဝန်း လူဦးရေစာရင်းကောက်ယူပြီး လူတိုင်းမှတ်ပုံတင်ရရှိရေးကို စတင်ဆောင်ရွက်နေပြီလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ၂၀၂၃ ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာဖို့ ကြိုးစားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ် အောင်မြင်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်။
2022-04-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် စွဲဆိုခံထားရတဲ့ အဂတိအမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က စွပ်စွဲခံရသူဘက်ကနေ သက်သေထွက်ဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
2022-04-25
စစ်ကိုင်းတိုင်းမှာ ဧပြီ ၂၃ ရက်နေ့က ခင်ဦးမြို့နယ် ရွာသာရွာက အိမ် ၆၅ လုံး၊ အဲဒီရွာရဲ့တောင်ဘက် မိုင် ၄၀ ကျော်ကွာတဲ့ ချောင်းဦးမြို့နယ် အင်းမရွာက အိမ် ၇၀၊ စုစုပေါင်း နေအိမ် ၁၃၅ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-04-25
ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ရေးသားချက်၊ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေပေါ်အခြေခံပြီး RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ ဧပြီလလယ်အထိ တစ်နှစ်ကျော်ကာလအတွင်း သီလရှင်တစ်ပါး အပါအဝင် နိုင်ငံတစ်ဝန်းက ရဟန်းသံဃာ ၃၈ ပါးဟာ သတ်ဖြတ်မှုတွေကြောင့် ပျံလွန်တော်မူခဲ့ပါတယ်။
2022-04-25
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေထဲက စစ်ကောင်စီတပ်စခန်းတွေ ထွက်ခွာသွားဖို့ အသိပေးစာတွေ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာပါတယ်။
2022-04-25
စစ်ကိုင်းတိုင်း တမူးမြို့နယ် ကျွန်းပင်သာရွာက ကူကီးချင်းလူငယ်နှစ်ဦးရဲ့ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းကို သနန်ရွာနဲ့ မြို့သစ်ကြားမှာ ဧပြီလ ၂၄ ရက် မနေ့က တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-04-25
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားဟာ ၂၅၇ ဦးအထိ ရှိလာနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီလ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-04-24
အမေရိကန်ပြည်ထောင်စု၊ Women For Myanmar အဖွဲ့နဲ့ လူမှုရေးသမားတွေက စစ်အာဏာရှင်တော်လှန်ရေးကြိုးပမ်းနေတဲ့ မြန်မာပြည်က သွေးချင်းတွေကို ကူညီဖို့ ရန်ပုံငွေရှာဖွေပွဲကို မေရီလန်းပြည်နယ်မှာ ဧပြီ ၂၄ ရက်နေ့ ညနေကကျင်းပခဲ့ပါတယ်။
2022-04-24
အာဆီယံအသင်းဟာ NUG အစိုးရ၊ EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရားဝင်လူသိရှင်ကြားတွေ့ဆုံဖို့ APHR အဖွဲ့က တိုက်တွန်းတဲ့အကြောင်း အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။