ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်က သင်တန်းနည်းပြဆရာမ
သင်တန်းသားတွေ ဆရာမ မေလို့ ခေါ်ကြတဲ့ သူဟာ စစ်တပ်အာဏာ မသိမ်းခင်တုန်းကတော့ သာမာန်လခစားဝန်ထမ်း တစ်ဦးပါ။
အဲဒီခံယူချက်နဲ့ လွတ်မြောက်နယ်မြေကို ရောက်လာပြီးနောက် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကိုဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
သူ BPLA ကိုဝင်တုန်းက အသက် ၁၈ နှစ်ပဲရှိသေးပြီး အခုမကြာခင်မှာ သူ့အသက် ၁၉ နှစ်ပြည့်ပါတော့မယ်။
“ယောကျာ်းနဲ့ မိန်းမ တန်းတူလို့ပဲ တွေးတယ်၊ အဲဒါကြောင့် မေ့အတွက် သင်တန်းသားတွေက သိပ်ပြီးအခက်အခဲ မဖြစ်စေဘူး" လို့ သင်တန်းသားတွေရဲ့ နည်းပြလုပ်ရတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
သင်တန်းနည်းပြ လုပ်နေရပေမယ့် ဆရာမ မေကတော့ ရှေ့တန်းထွက် လက်နက်ကိုင်တိုက်ဖို့ကို ပိုအားသန်နေတာပါ။
ဒါပေမဲ့ လက်ရှိမှာတော့ သူ့ကို တာဝန်ပေးထားတဲ့အတိုင်း သင်တန်းသားသစ်တွေကို စိတ်ဓာတ်ကြံ့ခိုင်ဖို့ လေ့ကျင့်ပေးနေတာပါ။
“ဒီလမ်းကိုရွေးချယ်ပြီးပြီဖြစ်လို့ မှားတယ်မတွေးမိဘူး၊ ဘယ်လောက်ပဲကြာကြာ တော်လှန်ရေးပြီးဆုံးအောင် လုပ်မယ်" လို့ ဆရာမမေက သူ့ရဲ့ခံယူချက်ကို ပြောပါတယ်။
ဆရာမမေရဲ့ အိပ်မက်ကတော့ ဓာတ်ပုံ မော်ဒယ်တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ " တော်လှန်ရေးပြီးရင် ဒီမှာဆက်နေဖြစ်မလား ဝါသနာပါတဲ့ ဖိုတိုမော်ဒယ်လုပ်ဖြစ်မလား မသေချာသေးဘူး" လို့ ဆိုပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ဟာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ပေါ်ပေါက်လာတဲ့ ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က တည်ထောင်ခြင်း တစ်နှစ်ပြည့်ခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဂုဏ်ပြုသဝဏ်လွှာတွေ ပို့ခဲ့ကြပါတယ်။
BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေ ပြည့်ဖို့ ပံ့ပိုးဝန်းရံ သွားမယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ပြောဆိုခဲ့ပါတယ်။
BPLA ရဲ့ သင်တန်းဆရာမ မေကတော့ "အခုခံစားနေရတာမျိုး နောင်ကလေးတွေ မခံစားစေချင်တော့ဘူး" လို့ ပြောပါတယ်။