အမေရိကန် မေရီလန်းပြည်နယ်က ရန်ပုံငွေရှာဖွေပွဲ
2022.04.24
အမေရိကန်ပြည်ထောင်စု၊ Women For Myanmar အဖွဲ့နဲ့ လူမှုရေးသမားတွေက စစ်အာဏာရှင်တော်လှန်ရေးကြိုးပမ်းနေတဲ့ မြန်မာပြည်က သွေးချင်းတွေကို ကူညီဖို့ ရန်ပုံငွေရှာဖွေပွဲကို မေရီလန်းပြည်နယ်မှာ ဧပြီ ၂၄ ရက်နေ့ညနေကကျင်းပခဲ့ပါတယ်။ Women For Myanmar အဖွဲ့ကို ဝါရှင်တန်ဒီစီ၊ မေရီလန်းနဲ့ ဗာဂျီးနီးယားပြည်နယ်က မြန်မာနိုင်ငံဖွားတိုင်းရင်းသားအမျိုးသမီးတွေက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့ထားတာဖြစ်ပါတယ်။
ရန်ပုံငွေပွဲမှာ က အပျိုတော်အက ၊ ကချင်အက၊ မွန်အက ၊ မီဇိုးအက၊ ကယားအက၊ ကရင်ဒုံးယိမ်း၊ ရှမ်းအက ၊ ချင်းဝါးညှပ်အက ၊ ရခိုင်အကတွေပါဝင်သလို၊ အဆိုတော် လင်းနစ်နဲ့ လင်းထက်၊ ချင်းအဆိုတော် Jenevy Sui တို့က သီဆိုဖျော်ဖြေကြပါတယ်။ RFA ဝိုင်းတော်သား ကိုချမ်းမြေ့အောင်တင်ပြထားပါတယ်။