သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-25
ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေလျှော့ချနိုင်ဖို့ လက်ရှိမှာ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးအဖြေရှာနေကြပါတယ်။
2019-04-25
ဒီတပတ်အစီအစဉ်မှာ ရခိုင်ပြည်နယ်၊ ရန်ကုန်နဲ့ မန္တလေးတိုင်းတို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-04-25
ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ဖို့ နိုင်ငံတကာက ဖိအားပေးလေ သူတို့နှစ်ဦးလွတ်မြောက်ဖို့ ခက်ခဲလေဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီနေ့ ပြောပါတယ်။
2019-04-25
မြစ်ဆုံစီမံကိန်းကို အပြီးရပ်ဆိုင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းပင် တို့ဆီကို အိတ်ဖွင့်ပေးစာတွေ ပေးပို့မယ်လို့ လူငယ်အဖွဲ့အစည်းတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2019-04-25
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေက စက်ယန္တရားတွေ အလွန်အကျွံသုံးပြီး ကျောက်စိမ်းတူးဖော်တာ၊ ကျောက်မိုင်းခွဲတာတွေကြောင့် ရေကြောတွေ ပြတ်တောက်ပြီး ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2019-04-25
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင်း ဆွေးနွေးချက်တွေကို သတင်းမီဒီယာကို ထုတ်ဖော်ပြောကြားတဲ့ ANP ပါတီက ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ ကို သတိပေးတားမြစ်ဖို့ တပ်မတော်က ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို တိုင်ကြား လိုက်ပါတယ်။
2019-04-25
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်က ဧက ၂ဝ ခန့်ရှိတဲ့မြေကွက်တစ်ခုမှာ Marijuana ခေါ် ဆေးခြောက်ပင်တွေ စိုက်ပျိုးထားတယ်ဆိုကာ အမေရိကန်နိုင်ငံသား တဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို မန္တလေးတိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီ စိုက်ခင်းဟာ ဆေးခြောက်ပင်တွေ စိုက်ပျိုးထားတာမဟုတ်ဘဲ မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ စမ်းသပ်စိုက်ပျိုးနေတဲ့ Hemp ဟမ့်ခေါ် သဘာဝဆေးဘက်ဝင် သစ်ပင်စိုက်ခင်းဖြစ်တယ်လို့ ဖမ်းဆီးခံနေရတဲ့ အမေရိကန်နိုင်ငံသား ဂျပန်လူမျိုး Mr. John Todoroki မစ္စတာ ဂျွန် တိုဒိုရိုကီရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ရိုက်တာသတင်းဌာနကို သောကြာနေ့ မနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
2019-04-25
၂ဝ၁၉ ခုနှစ် ဧပြီလဆန်းကနေ စတင်ပြီး ဒီနေ့အချိန်အထိ တပ်မတော် အဖွဲ့အစည်းအသီးသီးကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟောပြောမှု၊ သြင်္ကန်ကာလ သရော်စာ သံချပ်ထိုးခဲ့မှု၊ ရခိုင်ပြည်နယ် တိုက်ပွဲဒေသ သတင်းရေးသားဖော်ပြမှု စတဲ့ နိုင်ငံရေးအရ ထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး တရားဥပဒေကြောင်းအရ အမှုဖွင့် တိုင်ကြား၊ အရေးယူတာတွေ များပြားလာပါတယ်။
2019-04-24
မြန်မာနိုင်ငံကို ရုရှားရဲ့ယုံကြည်ရတဲ့မဟာမိတ်အဖြစ်ရော အရှေ့တောင်အာရှနဲ့ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဗဟာဗျူဟာမိတ်ဖက်အနေနဲ့ရော စဉ်းစားထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoygu ကပြောလိုက်ပါတယ်။
2019-04-24
မြန်မာနိုင်ငံမှာ သတင်းထောက်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းဝင်တွေ၊ သံချပ်နဲ့ ဝေဖန်ထောက်ပြသူတွေကို အခုရက်ပိုင်း ဖမ်းဆီးနေတဲ့အတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဧပြီလ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2019-04-24
တရုတ်သမ္မတရှီကျင်းပင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့ညနေက ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး၊ ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ မြန်မာဘက်က တက်တက်ကြွကြွ ပါဝင်နေတာကို တရုတ်သမ္မတက ချီးကျူးပြောဆိုလိုက်ပါတယ်။
2019-04-24
ရခိုင်ပြည်နယ်တွင်းက စစ်ရေးပဋိပက္ခတွေက ဖြေရှင်းဖို့အတွက် မြန်မာ့တပ်မတော် နဲ့ AA ရခိုင်တပ်မတော်တို့ တွေ့ဆုံညှိနှိုင်းဖို့ တောင်းဆိုမှုတွေ ရှိနေပေမယ့်လည်း လက်ရှိအခြေအနေအရ တွေ့ဆုံပွဲဖြစ်လာဖို့ မလွယ်ကူနိုင်ဘူးဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။
2019-04-24
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်အစိုးရရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမ ဆွေးနွေးပွဲကို သွားရာမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစုံတရာ ချမှတ်သဘောတူခဲ့မလားဆိုတာ ပြည်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။
2019-04-24
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု လဂုဂျောင်ကျေးရွာမှာ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ မြေစာစွန့်ပစ်မှုကြောင့် အိမ်ခြေ ၂၈ လုံး ပြိုကျတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-04-24
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲက မုန်းဘော်ကျေးရွာအနီးမှာ ဝင်ရောက်ကျူးကျော်နေတဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ တပ်စခန်းပေါင်း ခုနှစ်ခုတို့ကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။