မြန်မာနိုင်ငံမှာ အဖမ်းအဆီးများနေတာကို အမေရိကန်စိုးရိမ်ကြောင်းထုတ်ပြန်


2019.04.24
US-statement-622 အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ကြေညာချက်။
Photo: RFA

မြန်မာနိုင်ငံမှာ သတင်းထောက်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းဝင်တွေ၊ သံချပ်နဲ့ ဝေဖန်ထောက်ပြသူတွေကို အခုရက်ပိုင်း ဖမ်းဆီးနေတဲ့အတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဧပြီလ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် လွတ်လပ်မှုကို ကာကွယ်ဖို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ နောက်ပြန်ဆွဲနေတာတွေ ထပ်မဖြစ်အောင် ကာကွယ်ဖို့နဲ့၊ ထောင်ချခံထားရတဲ့ သတင်းထောက်တွေကို လွှတ်ပေးပြီး သူတို့မိသားစုတွေနဲ့ ပြန်ဆုံစည်းခွင့်ရအောင် ဆောင်ရွက်ပေးဖို့ အမေရိကန်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ပူလစ်ဇာဆုရ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံကို ဗဟိုတရားရုံးချုပ်က ပယ်ချလိုက်ပြီးနောက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ထုတ်ပြန် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းထောက်တွေကို ကာကွယ်ပေးဖို့အရေးမှာ အနှုတ်လက္ခဏာ ပြလိုက်တာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။