ဧပြီလအတွင်း တပ်မတော်က တရားစွဲဆိုမှုများ ပိုတိုးလာ
2019.04.25
၂ဝ၁၉ ခုနှစ် ဧပြီလဆန်းကနေ စတင်ပြီး ဒီနေ့အချိန်အထိ တပ်မတော် အဖွဲ့အစည်းအသီးသီးကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟောပြောမှု၊ သြင်္ကန်ကာလ သရော်စာ သံချပ်ထိုးခဲ့မှု၊ ရခိုင်ပြည်နယ် တိုက်ပွဲဒေသ သတင်းရေးသားဖော်ပြမှု စတဲ့ နိုင်ငံရေးအရ ထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး တရားဥပဒေကြောင်းအရ အမှုဖွင့် တိုင်ကြား၊ အရေးယူတာတွေ များပြားလာပါတယ်။