မူဆယ်ခရိုင်မှာ KIA တပ်စခန်းခုနှစ်ခုကို သိမ်းပိုက်ခဲ့ကြောင်း တပ်မတော်အတည်ပြု


2019.04.24
govt-army-622 အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲက မုန်းဘော်ကျေးရွာအနီးမှာ ဝင်ရောက်ကျူးကျော်နေတဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ တပ်စခန်းပေါင်း ခုနှစ်ခုတို့ကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

KIA အနေနဲ့ အပစ်ရပ်ကာလအတွင်း အခွင့်ကောင်းယူပြီး တပ်မတော်ထိန်းချုပ်ရာနယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတာကြောင့် လုံခြုံရေးအရ ပြန်လည်ထိန်းသိမ်းရတာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ဒီနေ့ ပြောပါတယ်။

KIA ပြောခွင့်ရသူ ဒု ဗိုလ်မှူးကြီး နော်ဘူကို RFA က ဒီကနေ့ဆက်သွယ်ခဲ့ပေမယ့်လည်း အစည်း အဝေးရှိနေလို့ ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ နဲ့ ၂၃ ရက်နေ့တွေက တိုက်ပွဲသတင်းအခြေအနေတွေကို ဆက်သွယ်မေးမြန်းခဲ့ရာ မှာတော့ တပ်မတော်က ထိုးစစ်ဝင်လာတာဖြစ်လို့ KIA အနေနဲ့ ခုခံတိုက်ခိုက်တာဖြစ်ကြောင်း၊ တပ် မတော်ရဲ့ထုတ်ပြန်ချက်အရ အပစ်ရပ်ကာလ မပြီးသေးတဲ့အချိန်မှာ ခုလိုထိုးစစ်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိခိုက်နိုင်ကြောင်း RFA ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး KIA တပ်မဟာ ၆ ရဲ့ တပ်ရင်းမှုး ဗိုလ်မှူး တန်ဆန့်ကိုလည်း ဆက်သွယ်ခဲ့ရာမှာ ဆက် သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်ကနေ ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်တိုင်းကြီး ငါးခု မှာ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ အပစ်အခတ်ရပ်စဲထားမယ်လို့ ထုတ်ပြန် ကြေညာထားခဲ့ပါတယ်။

အဲဒီထုတ်ပြန်ကြေညာချက်ကာလ သက်တမ်းမပြည့်မီ တစ်ပတ်လောက်အလိုမှာ တပ်မတော်ဖက်က တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

အဲဒီနေရာဟာ မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)မြို့ရဲ့ ဆယ်မိုင်လောက်အကွာမှာရှိတဲ့ မုန်းပေါ် ကျေးရွာအနီးမှာရှိတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင် ခုလိုတိုက်ပွဲတွေ ဖြစ်ပွားတာမျိုးဟာ မဖြစ်သင့်ကြောင်း KIA ရဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်းအောင်က RFA ကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးကို အဓိက ဦးစားပေးဆွေးနွေးမှာဖြစ်ပြီး စားပွဲဝိုင်းမှာ ဆုံးဖြတ် ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေက အကျေအလည်ဆွေးနွေးကြမှာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ ဦးဆန်းအောင်တို့က ပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းလောက်ကတည်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ရှမ်းပြည်မြောက် ပိုင်း မူဆယ်မြို့နယ် မုန်းပေါ်ဒေသဟာ KIA ရဲ့ နယ်မြေမဟုတ်တဲ့အတွက် ကျူးကျော်လာလို့ တိုက် ခိုက်ရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

ဒါပေမဲ့လည်း အစိုးရတပ်မတော် တပ်မ ၉၉ က KIA တပ်မဟာ ၆ တပ်ရင်း ၃၆ ရဲ့ တပ်ခွဲငယ်လေး တွေစခန်းချထားတဲ့နေရာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ KIA က ပြောပါတယ်။

အဲဒီနေရာဟာ မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)မြို့ရဲ့ ဆယ်မိုင်လောက်အကွာမှာရှိတဲ့ မုန်းပေါ် ကျေးရွာအနီးမှာရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်ကနေ ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်တိုင်းကြီး ငါးခု မှာ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ အပစ်အခတ်ရပ်စဲထားမယ်လို့ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

အဲဒီထုတ်ပြန်ကြေညာချက်ကာလ သက်တမ်းမပြည့်မီ တစ်ပတ်လောက်အလိုမှာ တပ်မတော်ဖက်က တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

အဲဒီနေရာကို တပ်မတော်က ဘာကြောင့်တိုက်ခိုက်ရသလဲဆိုတာကို တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလိုပြောပါတယ်။

"KIA နဲ့ ကျွန်တော်တို့ရဲ့ NCA မတိုင်ခင် Bi-Lateral သဘောတူညီခဲ့တာရှိတယ်၊ နယ်မြေသတ်မှတ် ထားတဲ့ဟာတွေရှိတယ်၊ မုန်းပေါ်စခန်းဟာ အရင်ကတည်းက တပ်ကနေ တပ်စွဲထားတဲ့နေရာပေါ့ အနီး နားပတ်ဝန်းကျင်မီတာ ခြောက်ထောင် ၊ တစ်သောင်း လောက်မှာ KIA အနေနဲ့တပ်စွဲလာတယ်၊ ဧပြီလ ၂၁၊ ၂၂၊ ၂၃ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ နယ်မြေကျူးကျော်ပြီးဝင်ရောက်လာလို့ တိုက်ခိုက်ခဲ့ရတာတွေရှိပါတယ်၊ သူတို့တပ်စွဲထားတဲ့ ခုနှစ်နေရာ ရှစ်နေရာလောက်ကို ထိန်းသိမ်းလိုက်နိုင်တယ်၊ ရှမ်းမြောက်ဖက် ဆိုတာက သူတို့နယ်မြေဒေသလည်း မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ပါပြီးသားပဲ အဲဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ အမြတ်မထုတ်ရန်ဆိုတာပါတယ်၊ အဲဒီသဘောသက်ရောက်မှုလေးတွေ ဖြစ်နေတယ်၊ ဒါအပစ်ရပ်ကာလကို အခွင့်ကောင်းယူပြီးတော့ နယ်မြေကျော်လွန်ဝင်ရောက်လာတာမျိုး ဖြစ်နေတယ်၊ ဒါကို ကျွန်တော်တို့ကလည်း လုံခြုံရေးအရ ပြန်လည်ထိန်းသိမ်းရမှာပဲဖြစ်တယ်"

KIA ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး နော်ဘူ ကို RFA က ဒီကနေ့ဆက်သွယ်ခဲ့ပေမယ့်လည်း အစည်း အဝေးရှိနေလို့ ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ နဲ့ ၂၃ ရက်နေ့တွေက တိုက်ပွဲသတင်းအခြေအနေတွေကို ဆက်သွယ်မေးမြန်းခဲ့ရာ မှာတော့ တပ်မတော်က ထိုးစစ်ဝင်လာတာဖြစ်လို့ KIA အနေနဲ့ ခုခံတိုက်ခိုက်တာဖြစ်ကြောင်း၊ တပ် မတော်ရဲ့ထုတ်ပြန်ချက်အရ အပစ်ရပ်ကာလမပြီးသေးတဲ့အချိန်မှာ ခုလိုထိုးစစ်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိခိုက်နိုင်ကြောင်း RFA ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး KIA တပ်မဟာ ၆ ရဲ့ တပ်ရင်းမှုး ဗိုလ်မှူး တန်ဆန့်ကိုလည်း ဆက်သွယ်ခဲ့ရာမှာ ဆက် သွယ်လို့ မရခဲ့ပါဘူး။

လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ အစိုးရနဲ့ တပ်မတော်ဖက်က ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ဖြစ်ကြတဲ့ KIA ၊ TNLA ၊ MNDAA ၊ AA အဖွဲ့က ဆုံးဖြတ်ချက်ပေးနိုင်မယ့် ခေါင်း ဆောင်တွေဟာ မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိပါတယ်။

ခုလိုတပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင် ခုလိုတိုက်ပွဲတွေ ဖြစ်ပွားတာမျိုးဟာ မဖြစ်သင့်ဘူးလို့လည်း ဝေဖန်ကြပါတယ်။

KIA ရဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်းအောင် ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။

"ဒါကတော့ ဆွေးနွေးပွဲနီးတဲ့အချိန်မှာ မဖြစ်သင့်တဲ့ကိစ္စပဲလို့ ကျွန်တော်မြင်တယ်၊ အရင်တုန်းကလည်း ဆွေးနွေးပွဲနီးတဲ့အချိန်မှာ တိုက်ပွဲတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေလည်းရှိခဲ့တော့ စိုးရိမ်ချက် တွေကတော့ရှိတာပေါ့။ နဂိုကလည်း ပြင်ဆင်ထားပြီးသားဖြစ်တဲ့အခါကျတော့ ဒါကတော့ အထိအခိုက် မဖြစ်ဘူးလို့ ကျွန်တော်မြင်ပါတယ်၊ ဒါပေမဲ့ သူတို့အချင်းချင်းတော့ သတိထားစရာတော့ဖြစ်ကောင်း ဖြစ်မှာပေါ့ KIO ဖက်ကတော့ တပ်လှုပ်ရှားမှုတွေ ရပ်ထားတယ်လို့ သိရပါတယ်"

အဲဒီဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးကို အဓိက ဦးစားပေးဆွေးနွေးမှာဖြစ်ပြီး စားပွဲဝိုင်းမှာ ဆုံးဖြတ် ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေက အကျေအလည်ဆွေးနွေးကြမှာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ ဦးဆန်းအောင် တို့က ပြောပါတယ်။

ဒါကတော့ မူဆယ်မြို့နယ်ထဲက KIA တပ်စခန်းတွေကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ တွေကို နားဆင်ခဲ့ရတာ ဖြစ်ပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။