သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-25
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ် CNPC ကုမ္ပဏီနဲ့ မြန်မာအစိုးရပိုင် MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းစုအနေနဲ့ ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေကို တာဝန်ယူ ဖြေရှင်းမပေးတာကြောင့် ဒေသခံတွေက CNPC နဲ့ MOGE သေဆုံးသွားပြီဆိုတဲ့ မှတ်တိုင်တွေကို နေရာ ၄ ခုမှာ ဒီနေ့ တပြိုင်တည်းစိုက်ထူပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
2018-04-25
NVC ကတ် ကိုင်ဆောင်ပြီး နိုင်ငံတဝှမ်း လွတ်လပ်စွာ သွားလာခွင့်ရှိတယ်ဆိုတာ မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောပါတယ်။
2018-04-25
၅ ရက်ကြာမြင့်နေပြီဖြစ်တဲ့ လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မီးသတ်အင်အား ၃၀၀ နဲ့ ဒီနေ့ တပ်မတော်သား ၁၀၀ ကျော် တို့ ငြှိမ်းသတ်နေကြတယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
2018-04-25
အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေးကော် မရှင်တို့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနက်ဖြန်ကစပြီး နှစ်ရက်တာ တရားဝင်ဆွေးနွေးပွဲ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။
2018-04-25
သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင် ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2018-04-25
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို ရန်ကုန်တိုင်းက အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်းမှာ မိသားစုဝင်တွေက ဒီနေ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ညီဖြစ်သူက ပြောပါတယ်။
2018-04-25
ကုလသမဂ္ဂလုံခြုံရေးကောင်စီက တပ်မတော်ကို ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ၇ နှစ်ကြာ စစ်ပွဲအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့ ပြည်တွင်းပြည်ပက ကချင်အရပ်ဖက်အဖွဲ့အစည်း ၃၂ ခုက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-04-25
SSPP/SSA-ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် ၅၄ နှစ်ပြည့်အခမ်းအနားကို ကျေးသီးမြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-04-25
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်အနီးက အမှိုက်ပုံမှာ ဧပြီလ ၂၁ရက်နေ့က စတင်ခဲ့တဲ့ မီးလောင်ကျွမ်းမှုကို သုံးရက်အကြာမှာ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ မီးခိုးငွေ့တွေ ရှူရှိုက်မိတဲ့အတွက် လှိုင်သာယာဆေးရုံကို တက်ရောက်ပြီး ဆေးကုသရသူ ၁၆ ဦးအထိ ရှိနေပါတယ်။
2018-04-25
နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား ထုတ်ပေးတဲ့ကိစ္စ၊ အကျဉ်းသားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ အပါအဝင် လက်ရှိအစိုးရ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဧပြီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ သံလွင်လမ်းမှာရှိတဲ့ ပါတီရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဝေဖန်လိုက်ပါတယ်။
2018-04-25
ရခိုင်ပြည်နယ်ထဲက NVC (National Verification Card) သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူတွေကို နိုင်ငံတွင်း လွတ်လပ်စွာသွားလာခွင့်ပြုလိုက်တာ၊ နိုင်ငံသားဖြစ်ခွင့်ပြုမယ်ဆိုတာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်နဲ့ ကိုက်ညီတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
2018-04-25
ရခိုင်ပြည်နယ်အတွင်းက NVC နိုင်ငံသားစိစစ်ရေး သက်သေခံကတ် ကိုင်ဆောင်ထားသူတွေကို နိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ဒီအစီအစဉ်ကြောင့် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ထိခိုက်မှုတွေရှိလာမှာကို စိုးရိမ်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2018-04-25
မွန်ပြည်နယ်မှာ ဒီနှစ်အတွင်း မြို့နယ် ၄ မြို့နယ်က ကျေးရွာ ၄၀ကျော် ရေရှားပါးမှုနဲ့ ကြုံတွေ့နိုင်ပြီး အဲဒီမြို့နယ်တွေထဲမှာ ရေရှားပါးမှုအန္တရာယ်အများဆုံးကတော့ ပေါင်မြို့နယ်ဖြစ်ပါတယ်။
2018-04-24
ဗြိတိသျှ ဘောလုံးကလပ်အသင်းတခုဖြစ်တဲ့ Leeds အသင်းက မြန်မာနိုင်ငံကို ရှေ့လအတွင်း သွားရောက်ကစားမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒီအသင်းဟာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မြန်မာ့လက်ရွေးစင်အသင်းအပြင်၊ ညွှန်ပေါင်းလက်ရွေးစင်အသင်းနဲ့လည်း ကစားမှာဖြစ်ပါတယ်။
2018-04-24
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ဗီဗီယန် ဘာလားကရစ်ရှန် က ရခိုင်ပြည်နယ်မှာ လူသားတွေရဲ့ကြေကွဲစရာ ပဋိပက္ခတခု ဖြစ်ပွားနေတာကို မိမိတို့ သက်သေထင်ရှား မြင်တွေ့နေရ ပါတယ်လို့ မနေ့ကပြောပါတယ်။