မြန်မာပြည်သွားမယ့် ဗြိတိန်ဘောလုံးအသင်း ကန့်ကွက်ခံရ


2018.04.24
leeds-fc-622.jpg Leeds United ဘောလုံးအသင်းကို တွေ့ရစဉ်
Photo: Leeds United Website

ဗြိတိသျှ ဘောလုံးကလပ်အသင်းတခုဖြစ်တဲ့ Leeds အသင်းက မြန်မာနိုင်ငံကို ရှေ့လအတွင်း သွားရောက် ကစားမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒီအသင်းဟာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မြန်မာ့လက်ရွေးစင် အသင်းအပြင်၊ ညွှန်ပေါင်းလက်ရွေးစင်အသင်းနဲ့လည်း ကစားမှာဖြစ်ပါတယ်။

Leeds အသင်းဟာ ၂၀၀၁ ခုနှစ်က ဒုတိယတန်းအဆင့် Champion League ပွဲမှာ အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်တဲ့အသင်းဖြစ်ပါတယ်။ ဒီအသင်းဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အစီအစဉ်နဲ့ ကလေးငယ်တွေအတွက်လည်း သင်တန်းပို့ချပေးမယ်လို့ ဆိုပါတယ်။ အခုလိုLeeds အသင်း မြန်မာနိုင်ငံကို သွားရောက်မယ်ဆိုတဲ့သတင်းကြောင့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ မြန်မာနိုင်ငံကို သွားတယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ကန့်ကွက်လိုက်ပါတယ်။ ဒီအသင်းရဲ့ ရွေးချယ်မှုဟာ မှားနေပါတယ်လို့ AI အဖွဲ့ ဗြိတိန်နိုင်ငံဒါရိုက်တာ Kate Allen ကပြောပါတယ်။

ဒါပေမဲ့ Leeds အသင်းပိုင်ရှင် Andres Radrizzani ကပြောတာကတော့ မြန်မာပြည်ကို မသွားရဘူး ဆိုတာ မှားနေတဲ့အတွေးအခေါ်ပါ။ ဘောလုံးဟာ ပျော်ရွင်မှုကိုပေးတဲ့ အားကစားဖြစ်တယ်၊ ဘောလုံးနဲ့ နိုင်ငံရေး ရောထွေးခြင်းမလုပ်ပါနဲ့ ကျနော်တို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံကိုသွားပြီး ဒေသခံတွေနဲ့ ကစားရမှာ မို့ ပျော်ပျော်ကြီးသွားမှာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။