မြန်မာကိုလာမယ့် လိဒ်ယူနိုက်တက် ကွင်းလယ်ကစားသမား မလိုက်နိုင်


2018.05.08
forshaw-622.jpg Leeds United အသင်းက ကွင်းလယ်ကစားသမား Adam Forshaw (အဖြူရောင်) ကို တွေ့ရစဉ်
Photo: footballleagueworld.co.uk

မြန်မာနိုင်ငံမှာ ဒီရက်ထဲ ချစ်ကြည်ရေး ဘောလုံးလာကစားမယ့် ဗြိတိန်နိုင်ငံက Leeds United အဖွဲ့မှာ ကွင်းလယ် ကစားသမား အဒမ်ဖေါ်ရှော Adam Forshaw က တင်ပါးဆုံမှာ ဒဏ်ရာရထားတဲ့အတွက် မကစားနိုင်တော့ဘူးလို့ အသင်းနည်းပြဆရာ ပေါလ် ဟက်ကင်ဘော့တွန် Paul Heckingbottom ကပြောလိုက်ပါတယ်။

ဒီသတင်းပတ်အစမှာ သူအဲဒီလိုဖြစ်သွားလို့ ဆေးထိုးပြီးအနားယူဖို့ လိုတဲ့အတွက် လိုက်မလာနိုင်တော့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပြဿနာကြောင့် ချစ်ကြည်ရေးဘောလုံးပွဲ သွားမကန်သင့်ဘူးလို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရော၊ ဗြိတိန်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကပါ ဝေဖန် ထားပေမယ့် မြန်မာနိုင်ငံခရီးစဉ်ကို မဖျက်ဘူးလို့ Leeds United အဖွဲ့က ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို မဖြစ်မနေလိုအပ်လို့သွားရမယ့် သူတွေကလွဲလို့ ကျန်တဲ့သူတွေ မသွားကြဖို့ ဗြိတိန်နိုင်ငံခြားရေးဌာနက သူတို့နိုင်ငံသားတွေကို သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။