ပညာရေးဝန်ကြီး ဒေါ်စုစုလွင်ဖြစ်မယ်လို့ သတင်းထွက်


2018.04.25
susulwin-622.jpg ဒေါ်စုစုလွင် ကို ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင် ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိမှာ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ ဒေါ်စုစုလွင်ကို  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး နေရာမှာ အစားထိုးခန့်အပ်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အာအက်ဖ်အေက အတည်မပြုနိုင်သေးပါဘူး။

ဒေါ်စုစုလွင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးလွင်ရဲ့ သမီးဖြစ်သလို သူဟာလည်း ၂၀၁၃ ခုနှစ်အထိ အန်အယ်လ်ဒီ ပါတီ ဗဟိုကော်မတီဝင်ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး နဲ့ တိုင်း နဲ့ ပြည်နယ်ဝန်ကြီးတချို့ အပြောင်းအလဲ ဖြစ်မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းစာ ဂျာနယ်တွေမှာ ရေးသားဖေါ်ပြခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အံမဝင်ခွင်မကျတဲ့နေရာတွေမှာ သွက်လက် ထက်မြက်ပြီး အရည်အချင်းရှိတဲ့သူတွေနဲ့ လူစားလဲမှုတွေ ပြုလုပ်သွားမယ်လို့ မြန်မာနှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။